Breaking News


ထိုင်းနိုင်ငံ မှာ သရဲသစ္ဆေ တွေသောင်းကျန်းနေ လို့ သရဲ ဖမ်းပွဲ ပြုလုပ်နေရ


Loading...

ထိုင်းနိုင်ငံက အိစံ ဒေသ လို့  အသိများတဲ့ ချရ ပူးပြည် နယ် နောင်မုန်ကျေး ရွာ သားတွေမှာ ရောဂါ တစ်စုံတရာမရှိဘဲ တစ်ဦးပြီးတစ်ဦး ဆက်တိုက် သေဆုံး နေကြလို့  အဆိုပါကျေးရွာမှာ မနေရဲလောက်အောင် စိုးရိမ်ထိတ်လန့် နေကြပါတယ်။
ညပိုင်းတွေမှာဆိုရင် ခွေးတွေ အဆက်မပြတ်အူနေကြတာမရပ်တော့ဘူး၊ ပြီရင် ငိုသံလို ငြီးသလို အသံတွေကြားနေရကြောင်း အမျိုးသမီးတွေကို သရဲဝင်ပူး တာတွေနဲ့  ခလေးတွေ လန့် ပြီးအော်ငိုကြတာတွေ ဆက်တိုက်ဆို သလို ဖြစ်နေကြောင်း ထိုင်းနိုင်ငံ အွန်လိုင်းမီဒီယာတွေမှာဖေါ်ပြနေကြပါတယ်။

ရွာမှာနေထိုင်နေကြတဲ့ ရွာသားတွေဆက်တိုက်သေဆုံး
ခဲ့ပြီးနောက် တရွာလုံး စိုးရိမ်ကြောက်လန့်  နေကြပါတယ်၊ .ခုရက်ပိုင်းအတွင်း မှာ တော့ ကျေးရွာက လူကြီးတွေနဲ့  သံဃာတော်တွေက ဦးဆောင်ပြီး သရဲဖမ်းပွဲ
ပြုလုပ်ပေးခဲ့ရပါတယ်။


နေရာမျိုးစုံမှာ နေထိုင်နေကြတဲ့ သရဲသစ္ဆေ နဲ့  စုန်း တွေကို
မိလာတဲ့ အခါ ၀ါး ကျည်ထောက်ဘူးထဲကိုထည့် အ၀တ်နက် စည်း ထားပြီး ခုလိုလူအင်းအားနဲ့  လိုက်ဖမ်း ခဲ့တာ သရဲသစ္ဆေ ပေါင်း (၇၀၀)ကျော်ဖမ်းမိ ခဲ့ကြောင်း၊ အားလုံးကို ရွာလည်မှာစုပုံ ပြီး မီးတိုက် ပစ်ခဲ့ကြောင်း သိရပါတယ်။
ခုလို သရဲ ဖမ်းပွဲ လုပ်ပေးခဲ့ရတာဟာ ရွာသားတွေ ရဲ့ စိတ် မှာစွဲနေတဲ့ သရဲတွေ စုန်းတွေက လူတွေကို လိုက်တိုက်ခိုက်နေတယ်ဆိုပြီး ယုံကြည်နေကြ တာ တွေ စိုးရိမ်ထတ်လန့် နေတာတွေကို လျော့ပါးသွားစေတယ်လို့  ဆိုပါတယ်။
(SAW)
Nation news on 12-10-2016
Loading...