Breaking News

ရခိုင်ပြည်နယ်တွင် မောင်တောနယ်ခြားစောင့်စခန်းအပါအ၀င် နေရာအချို့ တိုက်ခိုက်ခံရ


Loading...
 ( လမ်းသွားလမ်းလာ ကင်းမဲ့နေသော မောင်တောမြို့ပေါ် တစ်နေရာ )
ရခိုင်ပြည်နယ်၊ မောင်တောမြို့ရှိ ကျီးကန်းပြင် နယ်ခြားစောင့် စခန်း၊ င/ခူရ ၊ ရသေ့တောင်ကိုးတန်ကောက် စသည့်နေရာများ အောက်တိုဘာ ၉ ရက် နံနက် ၃ နာရီဝန်းကျင်ခန့်က တိုက်ခိုက်ခံရကြောင်း ကနဦးသတင်း ရရှိသည်။
ကျီးကန်းပြင်စခန်းမှာ နယ်ခြားစောင့်ဌာနချုပ် ဖြစ်ပြီး ယင်းစခန်းရှိ လက်နက်တိုက် အဖောက်ခံရကာ လက်နက်အချို့ပါသွားကြောင်း ဒေသခံတို့က ဆိုသည်။
တိုက်ခိုက်သူများမှာ ဘင်္ဂလာအခြေစိုက် (RSO) အကြမ်းဖက်များဟု ယူဆရပြီး လာရောက်တိုက်ခိုက်သူတို့ဘက်မှ တစ်ဦးကို ဖမ်းဆီးရမိကာ နယ်ခြားစောင့်ဘက်မှလည်း ကျဆုံး/ ဒဏ်ရာရသူအချို့ရှိကြောင်း သိရသည်။
လက်ရှိတွင် မောင်တောမြို့အ၀င်လမ်းများကို ပိတ်ဆို့ထားပြီး တစ်မြို့လုံး တိတ်ဆိတ်နေကာ လမ်းသွားလမ်းလာမရှိ၊ ခြောက်ကပ်နေကြောင်း သိရသည်။
Source – Zeyakyaw
The Ladies News
Loading...