Breaking News


ရခိုင်ပြည်နယ်နှင့် ထိစပ်နေသော ဧရာဝတီတိုင်း ကမ်းခြေဒေသများတွင် လုံခြုံရေးတင်းကျပ်


Loading...


 မောင်တောဒေသတွင် အကြမ်းဖက်တိုက်ခိုက်မှုများဖြစ် ပွားပြီးနောက် ရခိုင်ပြည်နယ်နှင့် ထိစပ်နေသော ဧရာဝတီတိုင်း ဒေသကြီး ကမ်းခြေဒေသများ၌ လုံခြုံရေးတင်းကျပ်ထားကြောင်း သတင်းရရှိသည်။
‘‘ကျွန်တော်တို့က ကြိုတင်ပြင်ဆင်ထားတာ။ ရခိုင်ကိစ္စ မဖြစ်ခင်ကတည်းက ပုံမှန်ထက်ကို Alarm ပေးခဲ့တယ်။ အခုလည်း လုံခြုံရေးတင်းကျပ်ထားတယ်။ ကမ်းခြေနေရာတွေမှာ တပ်မတော်နဲ့ ရဲတပ်ဖွဲ့ ကင်းလှည့်နေတယ်’’ဟု ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောသည်။
ငပုတောမြို့နယ်နှင့် ငရုတ်ကောင်းမြို့နယ်ကမ်းခြေတွင် အနောက်တောင်တိုင်း စစ်ဌာနချုပ်မှ တပ်မတော်ယာဉ်များနှင့် ရေယာဉ်အချို့ လုံခြုံရေးစောင့်နေသည်ကိုတွေ့ရကြောင်း ဒေသခံများက အောက်တိုဘာ ၁၂ ရက်တွင်ပြောသည်။
ထို့အပြင် ရခိုင်ပြည်နယ်အကြောင်း နောက်ဆုံးရသတင်းများကို နိုင်ငံတကာအသိုင်းအ၀ိုင်းက ပိုမိုသိရှိစေရန်ရည်ရွယ်ပြီး ရခိုင်ပြည်နယ်အရေးနှင့် ပတ်သက်သော နောက်ဆုံးရသတင်းထုတ်ပြန်ချက်များ လွှင့်တင်ပေးမည့် နိုင်ငံတော်သမ္မတရုံး၏ တွစ်တာအကောင့်(https://twitter.com/pomyanmar)ကို အောက်တိုဘာ ၁၂ ရက်တွင် ဖွင့်လှစ်လိုက်သည်။
7daydaily
Loading...