Breaking News


ရင်သား သဘာဝအတိုင်း ကြီးထွားမယ့်ဆေးကို မြန်မာနိုင်ငံကို တင်သွင်းမယ့် အလှမယ်


Loading...

ဒီဆေး သောက်တဲ့အချိန်မှာ ကိုယ် ကိုယ်တိုင်လည်း အရင်ထက် စာရင်ရင်သားလည်းရှိလာ တယ်။





အလှမယ် ခြူးစစ်ဟန်က ရင်သားမခွဲမစိတ်ဘဲနဲ့ သဘာဝ အတိုင်း ကြီးထွားချင်တဲ့ အမျိုးသမီး တွေအတွက် ထိုင်းနိုင်ငံကထုတ်လုပ် တဲ့ Upper Beauty ဆေးကို မြန်မာ နိုင်ငံ ကိုယ်စားလှယ်ယူပြီး တင်သွင်း ရောင်းချဖို့ စီစဉ်နေကြောင်း သိရ ပါတယ်။ ဒီဆေးကို ကိုယ်တိုင် လည်း သုံးစွဲနေတဲ့သူဖြစ်ပြီး ကြိုက်နှစ်သက် တဲ့အတွက် အခုလို ကိုယ်စားလှယ် အဖြစ် တင်သွင်းရောင်းချဖို့ စီစဉ် ခြင်းဖြစ်ကြောင်းကို အလှမယ် ခြူးစစ်ဟန်က..
“ညီမ စီးပွားရေးတစ်ခုအနေနဲ့ Upper Beauty ဆိုတဲ့ဆေး တင်သွင်းဖို့လုပ်နေပါတယ်။ ဒီဆေး ကို တအားနှစ်သက်တဲ့အ တွက်   မြန်မာနိုင်ငံကညီမလေးတွေ၊ အထူး သဖြင့် အလှမယ်၊ မော်ဒယ်တွေ အတွက်ပါ။ တခြားနိုင်ငံမှာ ပြိုင်ပွဲ တွေ သွားပြိုင်ကြရင် ရင်ဘတ် အနေနဲ့ က မြန်မာက အစ်မတွေ၊ ညီမတွေ က တခြားနိုင်ငံကသူတွေနဲ့စာရင် မရှိကြဘူး။ ကိုယ်ကိုယ်တိုင်လည်း အဲဒီလို ခံစားခဲ့ရတယ်။ ဒီဆေးကို ညီမသောက်တဲ့အချိန်မှာ ကိုယ့်ကိုယ် ကိုယ်တောင် အံ့သြတယ်။ ထူးခြား လာတယ်။ အဲဒါကြောင့် မြန်မာ နိုင်ငံကအစ်မတွေ၊ ညီမတွေကို သောက်စေချင်တယ်။ သူတို့လည်း ရင်သားကိုမခွဲစိတ်ဘဲနဲ့ သဘာဝ အတိုင်းကြီးချင်မှာပဲ။ ဒီဆေး သောက်တဲ့အချိန်မှာ ကိုယ် ကိုယ်တိုင်လည်း အရင်ထက် စာရင်ရင်သားလည်းရှိလာ တယ်။ ဘေးထွက်ဆိုးကျိုး လည်း မရှိတဲ့အတွက် မြန်မာ နိုင်ငံမှာတင် သွင်းပြီး ကိုယ် စားလှယ်ယူရောင်းချဖို့ အတွက် စီစဉ်တာပါ” လို့ ပြောပါတယ်။
အလှမယ်ခြူးစစ် ဟန် ကတစ်ကိုယ် တော်စီး ရီးခွေထွက်ရှိဖို့လည်း ကြိုး စားနေပြီးရုပ်ရှင် ဇာတ် ကားတွေမှာလည်း ပါဝင် သရုပ်ဆောင် ဖို့ရှိကြောင်းသိရပါ တယ်။
ခိုင်ဝေလွင်
popularmyanmar
Loading...