ကျောက်ခေတ်လူသားခြေရာဟု ယူဆရသောခြေရာကို ပြန်လည်စစ်ဆေးမည်


_________________________________________________________

ဧရာဝတီတိုင်းဒေသကြီး၊ အင်္ဂပူမြို့ နယ်အတွင်း တောင်ညိုတောင်ရှိ ကျောက်သားများတွင် တွေ့ရသော ကျောက်ခေတ် လူသားခြေရာဟု ယူဆရသည့်ခြေရာကို ပြန်လည်စစ် ဆေးမည်ဖြစ်ကြောင်း အောက်တိုဘာလ ၂၂ ရက်က သတင်း ရရှိသည်။
ကျောက်ခေတ်လူသားဟု ယူဆရ သောခြေရာများကို ဒေသခံများက လွန်ခဲ့ သည့်ငါးနှစ်ခန့်ကပင် တွေ့ရှိခဲ့ကြခြင်း ဖြစ်ကြောင်း၊ ထင်ရှားသောခြေရာမှာ နှစ်ခုရှိပြီး ခြေရာတစ်ခုမှာအကျယ် ၆လက်မ၊ အရှည် ၈ လက်မ ၊ အခြားတစ်ခုမှာ အကျယ် ၇ လက်မ အရှည် ၃ လက်မရှိ ကာ ကျောက်သားပေါ်တွင် ရှိနေခြင်းဖြစ် ကြောင်း၊ အခြားဒူးထောက်ထားသည့် အရာ၊ တင်ပါးဖြင့် ထိုင်ချထားသည့် အရာများကိုလည်း ကျောက်ပေါ်တွင် တွေ့ရှိရ ကြောင်း ဒေသခံများထံက သတင်းရရှိသည်။


ချိတ်ဆက်စစ်ဆေးပြီးမှ
''ကျောက်ပေါ်မှာ လူက ထွင်းထားတာလား။ ထွင်းတာမဟုတ်ဘဲ လူခြေရာ ဆိုရင် ဘူမိဗေဒဓာတ်ခွဲခန်း စစ်ဆေး ချက် လိုသေးတယ်။ ချောင်းကမ်းတို့ မြစ် ကမ်းပါးတို့က ရွှံ့တွေမှာ လူဖြတ်လျှောက် ပြီးတော့ ကျောက်တည်သွားတာ။ အဲ့ဒီလို ဖြစ်တဲ့ ကျောက်အမျိုးအစားလား လူ ခြေရာလား၊ မျောက်ဝံခြေရာလား ခွဲရဦး မယ်။ နှစ်တစ်သန်းကျော် လူခြေရာက စစ်ကိုင်းတိုင်းဘက်မှာ တွေ့ပြီးပြီ။ အာ ဖရိကက နှစ်တစ်သိန်းကျော် ဆိုတာ နောက်ကောက်ကျသွားပြီ။ ဒီလအတွင်း မှာ ကွင်းဆင်းဖို့ လျာထားတယ်။ ဘူမိဗေဒရော၊ မနုဿ ဗေဒရော၊ သမိုင်းရော တစ်ဖက်နဲ့တစ်ဖက် ချိတ်ဆက်စစ်ဆေး ပြီးမှ အတည်ပြုချက်ထွက်အောင် လုပ်ရဦးမှာ" ဟု အဆိုပါ ခြေရာများကို
သွားရောက်သုတေသနပြုလုပ်မည့် သမိုင်း ပညာရှင် ဦးဘုန်းတင့်ကျော်က ပြည်မြန်မာသတင်းဂျာနယ်ကို ပြောသည်။ လိပ်သည်းကျောက်နှင့် မီးသင့် ကျောက်တို့တွင် ခြေရာ ပေါ်နေမည်ဆိုပါ က ကျောက်ခေတ်လူသားခြေရာဟု ယူဆ ထားသည်မှာ မဖြစ်နိုင်ကြောင်း၊ ခြေရာ၏ ပတ်ဝန်းကျင်မှ ကျောက်သားစကို ဖဲ့ကာ ကျောက်ကို ရန်ကုန်တက္ကသိုလ် ဘူမိဗေဒ ဌာနတွင် စစ်ဆေးရန် ဆောင်ရွက်သွား မည်ဖြစ်ကြောင်း ゞင်းက ထပ်မံပြောသည်။
ဝန်ကြီးရုံးသို့ အချက်အလက်ရောက်လာ
''ရွာတွေကရတဲ့ ပစ္စည်းတွေတော့ ရှိတယ်။ ကျောက်ခေတ်တုန်းက စိုက်ပျိုး ရေးသုံးတာတို့ အမဲလိုက်တာတို့ သုံးတဲ့ ပစ္စည်းတွေလို့ ပညာရှင်တွေက ပြောတဲ့ ဟာတွေရလို့စုထားတယ်။ ဝ ကွင်းတွေ လည်းရှိတယ်။ စာလို့ယူဆရတဲ့ဟာ တွေလည်း ရှိတယ်။ ကျောက်ခေတ်တို့ဘာ တို့တော့ မသိဘူး။ ကျောက်နံရံတွေမှာ ဒူးနေရာ၊ တင်ပါးနေရာတွေ့တယ် ပြောလို့ မှတ်တမ်းအနေနဲ့ သွားလိုက်ကြည့်ထား တာ ရှိတယ်} ဟု အဆိုပါ ခြေရာများကို သွားရောက်လေ့လာခဲ့သူ ကြတ်ပြင်တော ရကျောင်းမှ ဆရာတော် ဦးပညာသီရိက မိန့်ကြားသည်။
ကျောက်ခြေရာနှင့် ပတ်သက်၍ မီဒီယာများတွင် ရေးသားမှုများကို တွေ့ရ သော်လည်း သက်ဆိုင်ရာ တိုင်းဒေသ ကြီးနှင့် ပြည်နယ် ရှေးဟောင်းသုတေသန ဌာနက ဝန်ကြီးရုံးသို့ အချက်အလက် ရောက်လာခြင်းမရှိသေးကြောင်း သာသ နာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ တာ ဝန်ရှိသူ တစ်ဦးက အောက်တိုဘာလ ၂၁ ရက်တွင် ပြည်မြန်မာသတင်းဂျာနယ်ကို ပြောကြားသည်။ အင်္ဂ္ပူမြို့နယ်အတွင်းပင် ရှေးဟောင်း ပျူမြို့ဟောင်းတစ်ခု တည်ရှိနေပြီး ပျူ ခေတ်က လက်ရာများ၊ ထိုခေတ်က သုံးစွဲ ခဲ့သည့် ဗြဟ္မီအက္ခရာများကို
တွေ့ရှိရမှု များရှိကြောင်း သိရသည်။
ထက်အောင်ဖြိုး
(ဓာတ်ပုံ - ဦးပညာသီရိ)

Pyi Myanmar