ထိုင်းနိုင်ငံ အဝေးပြေးလမ်းမှာ ဘတ်စ်ကားတိုက်ခံရပြီး ဆင်တစ်ကောင်သေဆုံး


_________________________________________________________

ကားပေါ်မှာ လိုက်ပါလာတဲ့ ခရီးသည်တွေ ဒဏ်ရာ ကြီးကြီးမားမား မရခဲ့ပေမယ့် ကားအရှေ့ပိုင်းကတော့ ဆင်ကိုတိုက်မိတာကြောင့် ပျက်စီးသွားခဲ့ပါတယ်
ထိုင်းနိုင်ငံ အဝေးပြေးလမ်းမထက်မှာ ဆင်တစ်ကောင် ကားတိုက်ခံရပြီးနောက် သေဆုံးသွားခဲ့ကြောင်း သိရပါတယ်။ အဝေးပြေးကားပေါ်မှာ လိုက်ပါလာတဲ့ ခရီးသည်တွေ ဒဏ်ရာ ကြီးကြီးမားမား မရခဲ့ပေမယ့် ကားအရှေ့ပိုင်းကတော့ ဆင်ကိုတိုက်မိတာကြောင့် ပျက်စီးသွားခဲ့ပါတယ်

နှစ်ထပ်အဝေးပြေးဘတ်စ်ကားဟာ ထိုင်နိုင်ငံ ချန်ပန်းနဲ့ ချင်းမိုင်ကို ပြေးဆွဲတဲ့ ဘတ်စ်ကားလိုင်းဖြစ်ပြီး အဲဒီအဝေးပြေးလမ်းပေါ်မှာပဲ ဆင်ကိုဝင်တိုက်ခဲ့တာဖြစ်ပါတယ်။ တစ်နာရီ မိုင် ၆၀ နှုန်းလောက်နဲ့ မောင်းနှင်လာတဲ့ ဘတ်စ်ကားဟာ လမ်းမထက်မှာ ပေါ်လာတဲ့ ဆင်ကို မြင်လို့ ဘရတ်အုပ်လိုက်ပေမယ့် မမီခဲ့ပါဘူး။ ဆင်ဟာ ကားဘီးနဲ့ လမ်းမကြား မီတာသုံးဆယ်လောက် ညှပ်ပါလာခဲ့တယ်လို့ သိရပါတယ်။


အဆိုပါ ဆင်ထီးဟာ အဝေးပြေးလမ်းမအနီး တောအုပ်ထဲမှာ နေထိုင်ကျက်စားနေတာ ဖြစ်တယ်လို့ သိရပါတယ်။ ဆင်ကလေး သေဆုံးသွားတဲ့အပြင် ဘတ်စ်ကားဒရိုင်ဗာလည်း ဒဏ်ရာ  အပြင်းအအထန် ရခဲ့တယ်လို့ သိရပါတယ်။

Source : Bangkokpost
Duwun
Loading...