Breaking News


မောင်တောခရိုင်၌ ည ၇ နာရီမှ နံနက် ၆ နာရီအထိ ညမထွက်ရ အမိန့်ထုတ်ပြန်


Loading...

မောင်တောခရိုင်၌ ည ၇ နာရီမှ နံနက် ၆ နာရီအထိ ညမထွက်ရအမိန့် ထုတ်ပြန်လိုက်ကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၁၂ ခုနှစ်ကတည်း စတင်ပြီး ညမထွက်ရ အမိန့် ပုဒ်မ ၁၄၄ ထုတ်ပြန်ထားပြီး ယခင်ရက်များက ည ၁၁ နာရီမှ နံနက် ၄ နာရီအထိ သတ်မှတ်ထားရာမှ ယနေ့တွင် ည ၇ နာရီမှ နံနက် ၆ နာရီအထိ ညမထွက်ရ အမိန့်တိုးမြှင့် ထုတ်ပြန်လိုက်ခြင်း ဖြစ်ပါသည်။

ယနေ့ (အောက်တိုဘာ ၉ ရက်) နံနက် ၃ နာရီအချိန်က မောင်တောမြို့နယ်၊ ကျီးကန်းပြင်၊ အမှတ်(၁) နယ်ခြားစောင့်ရဲ ကွပ်ကဲမှုအဖွဲ့ (ဌာနချုပ်) အပါအဝင် နယ်ခြားစောင့်စခန်း သုံးခုကို ဘင်္ဂါလီ RSO များ ၀င်ရောက်စီးနင်း တိုက်ခိုက်ခဲ့ပြီး ရဲတပ်ဖွဲ့ဝင် ၉ ဦး ကျဆုံးခဲ့ပါသည်။

လက်ရှိအချိန်တွင် RSO များ စီးနင်း တိုက်ခိုက်ခဲ့သည့် အနီးဝန်းကျင်များကို နယ်မြေ ရှင်းလင်းရေး လုပ်ဆောင်ထားပြီး မောင်တောမြို့ပေါ်၌လည်း  လုံခြုံရေး တိုးမြှင့်ထားကြောင်း သိရသည်။

နယ်မြေရှင်းလင်းရေး လုပ်စဉ်က ငါးခူရစခန်း အနီးတွင် RSO များက ခုခံပစ်ခတ်မှုအချို့ ရှိခဲ့ပြီး ၀က်ပိတ်ကျေးရွာသို့ ၀င်ရောက်ချိန်တွင်လည်း သေနတ်ပစ်ဖောက်မှုများ ပြုလုပ်ခဲ့ရကြောင်း သိရသည်။

ကနဦး သတင်းများအရ ပျောက်ဆုံးနေသော ငါးခူရစခန်းမှူးကိုလည်း ဘယ်လက်ဖျံ ဓားဒဏ်ရာများဖြင့် အသက်ရှင်လျက် ပြန်လည် တွေ့ရှိခဲ့ကြောင်း သိရပါသည်။
ယနေ့နံနက်ပိုင်းက ဖြစ်ပွားခဲ့သော ဖြစ်စဉ်ကြောင့် မောင်တောမြို့ပေါ်တွင် သွားလာလှုပ်ရှားသူ မရှိသလောက် နည်းပါးနေပြီး ဈေးဆိုင်းများကိုလည်း ပိတ်ထားပါသည်။ ထို့အတူ ဒေသခံများ၏ စိုးရိမ်မှုလည်း မြင့်တက်နေပြီး ရဲတပ်ဖွဲ့က လုံခြုံရေး တိုးမြှင့်ထားကြောင်း သိရသည်။
Loading...