Breaking News


အိမ်ဖော်ကိုပြန်ကြောက်ရတဲ့ အိမ်ရှင်တွေ.....

Loading...


အိမ်ဖော်တွေကို နှိပ်စက်တဲ့ကိစ္စနှင့်ပတ်သက်ပြီး အင်းဝဆိုင် နာမည်ကျော်သွားတဲ့နောက်ပိုင်းမှာတော့ ဂွင်ဆင်တက်တဲ့ အိမ်ဖော်တွေပေါ်ထွက်လာပြီးအိမ်ရှင်ကို ဒုက္ခပေးလာကြပါတယ်။ယခုအဖြစ်အပျက်မှာတော့ ကံဆိုးလျှင် အဒေါ်ကြီးတစ်ယောက်ထောင်ကျသွားနိုင်လောက်တဲ့အထိကြီးမားတဲ့ကိစ္စတစ်ခုဖြစ်ပါတယ်....
ဒီအဖြစ်အပျက်ကိုကြုံတွေ့ရတဲ့သူတစ်ဦးက ယခုလိုဘဲပြောထားပါတယ်။
'မနေ့က အဖြစ်ကို သိချင်ကြတယ်ဆိုလို့ ပြောပြမယ်နော် ...
မနေ့ ညနေဘက်မှာ ကျွန်မ အဒေါ်ဆီကနေ ဖုန်းလာလို့ သူ့တိုက်ခန်းကို မြန်မြန်သွားလိုက်ရပါတယ် ...
ဟိုရောက်တော့ ရဲတွေရော၊ ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့ဝင်တွေရော ရောက်နေကြပါတယ် ...
ဖြစ်စဉ်ကတော့ ကျွန်မအဒေါ်က ညနေဘက် အိမ်ရှေ့ဧည့်ခန်းမှာ အသိတစ်ယောက်နဲ့ viber ပြောနေတုန်း သူ့အိမ်ဖော်ကောင်မလေးကို ခေါ်တာ ခေါ်မရ ဖြစ်တဲ့အတွက် အိမ်နောက်ဘက်ကို လိုက်သွားတာမှာ သွေးအိုင်ထဲမှာ လဲနေတာကို တွေ့ပါတယ် ...
ကျွန်မအဒေါ်က နှလုံးလဲသိပ်မကောင်း သွေးလဲ မကြည့်ရဲတော့ ပြေးထွက်ပြီး ဘေးအခန်းတွေကို တံခါးခေါက်ပြီးခေါ်၊ ရယက ဖုန်းဆက်၊ ရဲကို အကြောင်းကြားလိုက်ပါတယ် ...
ထင်ကြေးကတော့ သူ့ကိုယ်သူ သေကြောင်းကြံတယ်လို့ ထင်ပြီးတော့ပါ ...
ကျွန်မ အဒေါ်က အဲ့တိုက်ခန်းမှာ သူ့ မောင်ဖြစ်သူ ကျွန်မဘကြီးနဲ့ နှစ်ယောက် တူတူနေတာပါ .. ဘကြီးက လေဖြတ်လို့ အိပ်ယာထဲလဲပြီး လုံးဝမထနိုင်တော့တာ ရနှစ်တိတိရှိပါပြီ ... ကျွန်မ အဒေါ်ရဲ့ အသက်က ၇၁နှစ်ရှိပါပြီ ... အဖေ့အမ အကြီးဆုံးပါ ..
ကျွန်မအဒေါ်က အရာရာကို ကိုယ့်လက် ကိုယ့်ခြေလုပ်ရမှ ကြိုက်ပေမယ့် ကူဖော်လေးရအောင် ခေါ်ထားတဲ့သဘောပါပဲ ... ကောင်မလေးက (၁၇)နှစ်ပါ ... နာမည်က ကေသွယ်စိုးပါ ... သူ့ရှေ့က ကောင်မလေးပြန်သွားလို့ ရောက်လာတာ ၁လ မပြည့်သေးပါဘူး ...
အိမ်က ကန်ထရိုက်တိုက်ပေမယ့် အခန်းတွေ အကုန်နီးပါးက ဆွေမျိုး မောင်နှမတွေပဲနေတာပါ ..
အဲဒါနဲ့ ရဲနဲ့ ရပ်ကွက် ဥက္ကဌနဲ့ အတူ ကောင်မလေးကို အနောက်ပိုင်း ဆေးရုံကို ခေါ်သွားပါတယ် .. အဲ့မှတဆင့် ရန်ကုန်ဆေးရုံကြီးကို ဆက်သွားပါတယ် ...
ကျွန်မ အဖေနဲ့ မောင်လေးလဲ လိုက်သွားပါတယ် ...
ကောင်မလေး သတိရလာတော့ ရဲက စစ်တဲ့အခါ ကောင်မလေးက သူ့ကို နောက်ကနေ တစ်ယောက်က ဆောင့်တွန်းလိုက်တယ်လို့ ပြောပါတယ် (အိမ်မှာက လူကောင်းဆိုလို့ ကျွန်မအဒေါ်ပဲရှိတာဆိုတော့ သူပြောချင်တာ ကျွန်မ အဒေါ်ပေါ့လေ) ... အဲ့မှာ သူလဲကျသွားပြီး ဘာမှမသိတော့ဘူး ဖြစ်သွားတယ် ... ကျွန်မအဒေါ်ကိုလဲ အဘွားကြီးက အမြဲတမ်းရိုက်ကြောင်း ... အကြောင်းမရှိ အကြောင်းရှာ ဆူပူကြောင်း ပြောပါတယ် … လက်က ခြင်ကိုက်လို့ ကုတ်ထားပြီး အသားမာတက်နေတဲ့ ဟာကိုတောင် အဘွားကြီး ရိုက်ထားတဲ့ ဒဏ်ရာဆိုပြီးပြောပါတယ် ... ဘယ်တုန်းက ရိုက်ထားတာလဲဆိုတော့ မနေ့ကရိုက်တာတဲ့ ... အဲလိုတွေပါ ...


ရဲတွေ ဆရာဝန်တွေရှေ့မှာတော့ လုံးဝကို မလှုပ်နိုင်အောင် ဒဏ်ရာတွေရနေတဲ့ပုံပါ ... မထနိုင်လောက်ကို ဖြစ်နေတဲ့ပုံစံနဲ့ လုပ်နေပါတယ် ...
ဟိုနေရာကိုထိလဲ နာတယ်ပြောတယ် … အဲတော့ ချက်ချင်း ဓာတ်မှန်ရိုက် … ၂နေရာလောက်ကို ရိုက်ပါတယ် ... ခေါင်းထိလဲ နာတယ်ပြောတယ် … CT Scan ရိုက်နဲ့ … result ကလဲ ဘာမှ မဖြစ်ဘူးဆိုတာပဲ ထွက်ပါတယ် … ဆရာဝန်တွေကလဲ သူပြောသမျှ အကုန်စစ်ပေးပါတယ် ... ဘာဆိုဘာမှ မဖြစ်ပါဘူး ... (ဆေးစစ်ချက် result တွေ အကုန်ရှိပါတယ်)
ပြီးတော့ ဦးနှောက်နဲ့ အာရုံကြော အဆောင်မှာထားရပါတယ် ...
ကျွန်မကတော့ အဒေါ်အိမ်မှာ စောင့်ပေးရင်း သတင်းနားစွင့်နေရတာပါ ... ည ၁ဝနာရီ လောက်ကျတော့ ရပ်ကွက်ဥက္ကဌက ဖုန်းဆက်လာပါတယ် (သူက ဆေးရုံမှာရှိနေတာပါ.. အိမ်မှာ တန်ဖိုးရှိ ပစ္စည်း အပျောက်အရှရှိမရှိ စစ်ပေးပါဆိုပြီး ပြောပါတယ် ...
အဲဒါကလဲ ရဲက မေးခိုင်းတယ်ပြောပါတယ် ...
ကျွန်မတို့လဲ စစ်ကြည့်တော့ တန်ဖိုးကြီးတာ တခုမှ အပျောက်မရှိပါဘူး ... အဲ့အတိုင်းပဲ ပြန်အကြောင်းပြန်လိုက်ပါတယ် ...
ည ၁၁နာရီလောက်မှ သတင်းအတိအကျရတာကတော့ ကောင်မလေးက ကျွန်မအဒေါ်ရဲ့ ရွှေလက်ကောက်ကို အတွင်းခံဘောင်းဘီထဲမှာ ချိတ်နဲ့တွယ်ပြီးခိုးထားတာကို xray ရိုက်တော
့ တွေ့လို့ ဖြုတ်ခိုင်းတဲ့အတွက် ရဲကနေ အစောပိုင်းကတည်းက ဖြုတ်ခိုင်းပြီး သိမ်းဆည်းထားတယ် ဆိုတာပါ ... ပစ္စည်းကိုလဲ သက်သေအဖြစ်နဲ့ သိမ်းသွားတယ်ဆိုပြီး သိရပါတယ် ...


အဲတော့မှ အားလုံးလဲ တော်တော်ကို စိတ်အေးသွားပါတယ် ...
ဒီကောင်မလေးက ကျွန်မ အဒေါ်ကို အရင်က အိမ်ဖော်နှိပ်စက်သူအဖြစ် စွပ်စွဲနေတာပါ ... အခုတော့ တရားကိုနတ်စောင့်တယ်ဆိုတဲ့ စကားအတိုင်းပါပဲ ... သူကိုယ်တိုင်ပြန်ထိသွားတာပါ ...
ဖြစ်ချင်တော့ အဲ့လက်ကောက်ကို သူခိုး အိမ်ဖော်မက အစစ်ထင်လို့ ခိုးပေမယ့် အတု ဖန်စီကြီးပါ ... ကျွန်မအဒေါ်ကို သူ့သူငယ်ချင်းတစ်ယောက်က လက်ဆောင်ပေးထားတာ ရွှေအစစ်နဲ့ တော်တော်တူပါတယ်
... အဲဒါကို လွယ်လွယ်ပဲ အဝတ်ဘီရိုထဲမှာ ထည့်ထားတာကို ဘီရိုသော့ဖွင့်ရွေလက်ကောက် အစစ်ထင်ပြီး ခိုးထားတာပါ ...
အဲဒီ့အချိန်မှာတော့ ကျွန်မအဒေါ်အပေါ် သံသယတွေ ရှင်းသွားပြီပေါ့လေ ...
ဒါမယ့် ဆေးရုံမှာ ၂၄နာရီစောင့်ကြည့်ရမယ်ဆိုတော့ ဆေးရုံမှာ တစ်ညထားလိုက်ရပါတယ် ...


မနက်ကျတော့ ကောင်မလေးက ဘာမှမဖြစ် စားနိုင်သောက်နိုင် စကားတွေပြောနိုင်နေတဲ့အပြင် ပြောစကားက တမျိုးပြောင်းသွားပါတယ် ( သူ ခိုးထားတာ မိသွားပြီဆိုတော့လေ) .. သူ့မှာ ဒီအိမ်မှာလာမနေခင်တည်းက ပယောဂရှိကြောင်း ... ဒီကိစ္စတွေဖြစ်တာကို သူဘာမှမသိကြောင်း ... ပယောဂအနေနဲ့ ကပ်နေတာက အဘိုးကြီးတစ်ယောက်ဖြစ်ပြီး
သူ့ကို တိုက်ပေါ်က ခုန်ချခိုင်းတာတို့ ဘာညာတွေတောင်လုပ်ခိုင်းကြောင်း ... သူ့ အတွင်းခံ ဘောင်းဘီထဲကို လက်ကောက်ဘယ်လိုရောက်လာမှန်းသူမသိကြောင်း ... ဇာတ်ထုတ်တစ်မျိုး ပြောင်းပါတော့တယ် ...
ကျွန်မအဒေါ်က အရမ်းတော်ကြောင်း .. ဘုရားတရားအရမ်းလုပ်ကြောင်း ... သူ့မှာ ပယောဂရှိနေတဲ့အတွက် ဒီအိမ်မှာနေရတာ သူ့အတွက် ပူလောင်နေကြောင်းတွေလဲပါပါတယ် ... ဆောင့်တွန်းလိုက်တာကလဲ လက်ကြီးတစ်ခုကနေတွန်းတာဖြစ်ကြောင်း ပယောဂအနေနဲ့ ကပ်နေတဲံ့ အဘိုးကြီးပဲ ဖြစ်မယ်ထင်ကြောင်းပြောပါတယ် ...
တကယ်မလွယ်တဲ့ မိန်းကလေးပါ ...
ဆေးရုံက သူဘာမှမဖြစ်တဲ့အတွက် နေ့လည် ၂နာရီလောက်မှ ဆေးရုံကပေးဆင်းလိုက်ပါတယ် ...
ကျွန်မအဒေါ်ကလဲ ပစ္စည်းက တန်ဖိုးမကြီးတဲ့အတွက် အလုပ်ရှုပ်ခံပြီး အမှုမဖွင့်ချင်တော့ဘူး.. အိမ်ပေါ်ကိုတော့ ပြန်အတက်မခံနိုင်ဘူး... သူ့ကို သူ့အမေလက်ထဲကို ချက်ချင်း ပြန်ထည့်မယ်ဆိုပြီး သာပေါင်းက သူ့အမေကို မနက်တည်းကလာဖို့ ဖုန်းဆက်ခေါ်ပါတယ် ... သူ့အမေ ညနေကရောက်လာတော့ ငိုယိုပြီး သမီးမိုက် ဘာညာပေါ့လေ ...
အခုတော့ ရပ်ကွက်ရုံးမှာ ခံဝန်ချက်နဲ့အတူ ပြန်လွှတ်လိုက်ပါတယ် ... အမှန်က အဲလောက်နဲ့ မခွင့်လွှတ်သင့်ဘူးတော့ ကျွန်မထင်ပါတယ်
တကယ်လို့သာ လက်ကောက်သာ သူ့အတွင်းခံထဲက မမိရင် သူက ကျွန်မအဒေါ်ကို အင်းဝအမှုလိုပုံစံမျိုး စွပ်စွဲချင်နေတာပါ ...
သူ့အကြံက အတိအကျ ဘာမှန်းသေချာမသိပေမယ့် ဖြစ်နိုင်ချေက လက်ကောက်ခိုးပြီး သူ့အိမ်ပြန်ရအောင် လုပ်တယ် ... ဒါမယ့် မပြန်ရပဲ ရဲတွေပါရောက်လာတော့ ကျွန်မအဒေါ်ကို စွပ်စွဲတယ် ... ပြီးတော့ ခိုးတာမိသွားပြီး လေသံက ပြန်ပြောင်းသွားတယ် ... စစ်ကြည့်တော့ သူ့အဝတ်အစားထုတ်က အသင့်ပြင်ထားတာလဲတွေ့ပါတယ် ...
တကယ်လို့သာ လက်ကောက်ကိစ္စ အကြောင်းသာမပါခဲ့ပဲ ကျွန်မအဒေါ်ကို စွပ်စွဲရင် ကျွန်မကလဲ အသရေဖျက်မှုနဲ့ ပြန်တရားစွဲမှာပါ ...
ကျွန်မအဒေါ်ကလဲ အင်းဝအမှုဖြစ်တုန်းက အဲ့ကောင်မလေးကိုတောင်ပြောပြလိုက်သေးတယ်တဲ့ ... သူများတွေနှိပ်စက်ကြတဲ့အကြောင်းပေါ့လေ ... သူ့ကိုလုပ်မယ့်သူကို သူကိုယ်တိုင်က နည်းလမ်းသွားပေးနေသလိုပါ ... :(
အမှန်က ဒီကလေးမက အနောက်ပိုင်းဆေးရုံမှာတည်းက သတိရနေတယ်လို့ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်တွေကပြောပါတယ် ... ဒါမယ့် သူမျက်လုံးပွင့်လာတာတွေ့လို့ သတိရပြီထင်တယ်ပြောတော့ မျက်လုံးပြန်မှိတ်သွားတယ်ပြောပါတယ် ... တာဝန်ကျဆရာဝန်မက ရင်ညွန့်ကို နှိပ်ကြည့်တော့ ဟန်ဆောင်လို့မရပဲ
မျက်စိပြန်ပွင့်လာပါတယ် ... မေ့နေတဲ့သူမှမဟုတ်တာ နာသွားတာကိုး... အဲလိုတွေ မူယာမာယာများအကောက်ကြံနေတာပါ ...
ကျွန်မအဒေါ်က ကြောက်ပြီး သူလဲကျနေတုန်းက မကိုင်မိလို့လဲ တော်ပါသေးတယ် .. တကယ်လို့ သွားကိုင်မိရင်တောင် သူ့ကိုလုပ်တယ်ဆိုပြီး စွပ်စွဲတာက အထမြောက်သွားမှာပါ ... လက်ဗွေတွေဘာတွေ ပါသွားပြီလေ ....
သူ့ကြောင့် ဆရာဝန်တွေရော၊ ရဲတွေရော၊ ကျန်လူတွေရော အလုပ်အကိုင်ပျက် ကျွန်မဆို အိမ်ကို ည သန်းခေါင်မှပြန်ရောက်တယ် ...
ဒီလောက် ရှည်လျားထွေပြားစွာရေးပြနေတာက လူတွေကို သတိထားစေချင်လို့ပါ ... အိမ်ဖော်ဆိုတိုင်း သနားစရာကောင်းတယ်ထင်နေကြလို့ပါရှင်
ကျွန်မကတော့ ဒီကိုယ်တွေ့နဲ့တင် တော်တော်ကို လန့်သွားပါပြီ ...
သူ့ပုံနှစ်ပုံနဲ့ သူ့အတွင်းခံထဲ ချိတ်နဲ့တွယ်ပြီးထည့်ထားတဲ့ လက်ကောက်ပုံကိုပါ တင်ထားပါတယ် ...
ကျွန်မအဒေါ်က ခွင့်လွှတ်ပေးပေမယ့် ဒီလောက် ယုတ်မာတဲ့ မိန်းကလေး ပြစ်မှုတွေ ဆက်ကျုးလွန်နေမှာ စိုးရိမ်ရပါတယ် ...
အိမ်ဖော်ခေါ်ရင်လဲ သတိထားကြပါ ... နောက်ကြောင်းကို သေချာစုံစမ်းပါ ..
အခုခေတ်ကြီးက လုံးဝမကောင်းလို့ပါရှင် :('
အဲ့ဒီတော့ ကောင်းတဲ့ အိမ်ရှင်တွေ ရှိသလို ကောင်းတဲ့အိမ်ဖော်တွေလည်းရှိပြီး မကောင်းတဲ့ အိမ်ရှင်တွေရှိသလို မကောင်းတဲ့ အိမ်ဖော်တွေလဲရှိတဲ့အတွက် သတိထားနိုင်အောင်ဖော်ပြလိုက်ပါတယ်။မြန်မာလုပ်
Loading...