Breaking News


အေးမြတ်သူဝတ်ထားတဲ့ ဂါဝန် နှင့် ပတ်သက်ပြီး ဝေဖန်ကဲ့ရဲ့မှုတွေပေါ်ထွက်လာ


Loading...

အောက်တိုဘာ ၂၀ ရက်နေ့ က MODA Fashion Night Out Party ကိုကျင်းပခဲ့ပါတယ်။ ထိုပွဲဟာ ဖက်ရှင် ကို အဓိကထားပြီးကျင်းပတဲ့ အတွက် တက်ရောက်လာတဲ့သူအများဟာ အလွန်လန်းတဲ့ ဒီဇိုင်းတွေ ကို ဝတ်ဆင်လာကြပါတယ်။ နာမည်ကြီးမင်းသမီးဖြစ်တဲ့ အပြင် မအေးပွင့်၊ မမြင့်စမ်း၊ လမ်းသုံးဆယ်ရဲ့ အဓိက ဇာတ်ဆောင်ဖြစ်တဲ့ အေးမြတ်သူရဲ့ ဝတ်စားဆင်ယင်ပုံ နှင့်ပတ်သက်ပြီး ဝေဖန်မှုများစွာပေါ်ထွက်လာပါတယ်။
အေးမြတ်သူဝတ်ဆင်ထားတဲ့ ဂါဝန်ဟာ အခုတလော အရမ်းခေတ်စားနေတဲ့ maroon ခေါ် ကြက်သွေးရောင် ရိုးရိုးရှင်းရှင်းနှင့် ရင်ဘတ်ဟ ကာ ရင်စီးလိုမျိုး ကို ဒူးအောက်နည်းနည်းဖော်ထားတဲ့ ဂါဝန်ကို ဝတ်ဆင်ထားပြီး accessories တွေဖြစ်တဲ့ choker ခေါ်လည်ပင်းကွက်တိ ဆွဲကြိုးနှင့် နားကပ်တွဲလောင်းလေးကို ဂါဝန်နှင့် အရောင်ဆင်တူ ဝတ်ဆင်ထားပါတယ်။
ဒေါက်မြင့် ဖိနပ်လေးဝတ်ကာ ဆံပင်အတိုလေး နှင့် လှပနေတဲ့ သူမဟာ ဖက်ရှင် ရှု့ထောင့်က ကြည့်ရင်တော့ အရမ်းကို လန်းပြီး လိုက်ဖက်တဲ့ ဝတ်စားဆင်ယင်မှုမျိုးဖြစ်သော်လည်း မြန်မာ့ယဉ်ကျေးမှုအရ လုံလုံခြုံခြုံ ဝတ်ဆင်စေချင်တဲ့ သူအများကတော့ သင်္က࿿န်ြတုန်းက မြန်မာဝတ်စုံ ရင်ဖုံး နှင့် ထဘီ ဝတ်ထားတဲ့ အေးမြတ်သူနှင့် နှိုင်းယှဉ်ပြီးပြောကြပါတော့တယ်။






Loading...