Breaking News


သုံးလောင်းပြိုင်လူသတ်ခဲ့သည့် ပယောဂဆရာ သတင်းအပြည့်စုံ


Loading...














တွံ့တေးမြို့နယ်တွံတွေးဝကျေးရွာအုပ်စုတွင်ထွန်းနိုင်(၃၀)နှစ် (ဘ)ဦးမောင်မောင်ကျပန်းလုပ်သားတစ်ဦးက အိမ်ဝိုင်းအတွင်း သရဲများရောက်နေ၍ ထုတ်ပေး မည်ဟု ဆိုကာ သရဲထုတ်ပေးရာမှ ကလေးငယ်
သုံးဦး သေဆုံးသည် အထိ ပြုလုပ်ခဲ့သဖြင့် ဦးစိုးမင်းက
တွံတေး မြို့မရဲစခန်းသို့ အောက်တိုဘာ၂၁ရက် နံနက်ပိုင်း ၌ လာရောက်အမှု့ဖွင့်တိုင်ကြားခဲ့သည်။

ဖြစ်စဉ်မှာအောက်တိုဘာ ၁၈ရက်တွင် တရားလို ဦးစိုးမင်း သည် မအူပင်မြို့ နယ် ဇွဲကပစ်ကျေးရွာရှိ ဦးလေး ၀မ်းကွဲတော်စပ်သူ ဦးစံမင်း ငါးကန်တွင် အလုပ် လုပ်နေရာမှ ခင်မင်ခဲ့သူ တရားခံထွန်းနိုင်နှင့် အတူ ၄င်းနေထိုင်ရာ တွံ့ တေးမြို့ နယ်မိုင်(၂၀) အရှေ့ တောကွင်းရှိ နေအိမ်သို့နှစ်ဦးသား ရောက်ရှိလာကြ သည် ဟုသိရသည်။

နေအိမ်သို့ရောက်ရှိစဉ်တရားခံထွန်းနိုင်သည် ဦးစိုးမင်း ၏ နေအိမ်ခြံဝင်း အတွင်းတွင် သရဲတစ္ဆေများ ရှိနေ ကြောင်း ၄င်းမှရှင်းပေးမည် ဖြစ်ကြောင်း ပြောကာ တခြံဝင်းထဲ အတူနေ မိသားစု(၄)စု လူနှစ်ဆယ်ခန့်အား စည်းချပြီး အပြင်သို့ မထွက်စေပဲ မြမင်းစိုး၏ သားဖြစ်သူ တစ်တို(ခ)နေလလင်း သုံးနှစ်တွင် သရဲပူးနေသည်ဟု ဆိုကာ ကလေးအား ခြေဖြင့်ကန်ခြင်း တက်နင်းခြင်း လက်သီးဖြင့် ထိုးခြင်း ဖြင့်ကုသရာ ည၁၂နာရီ အချိန်ခန့် တွင် ကလေးငယ် သေဆုံးသွားခဲ့သည်ဟု သိရသည်။

ယင်းသေဆုံးသွားသည့် ကလေးငယ်အား တရားလို စိုးမင်းနှင့် အောင်စိုးမိုး ဆိုသူတို့က တွံ့တေးတူးမြောင်း အတွင်း လှေဖြင့် သွားရောက် စွန့်ပစ်ခဲ့သည်။

ယင်းကဲ့သို့ စွန့်ပစ်ခဲ့ပြီး နေအိမ်သို့ ပြန်ရောက်ချိန်တွင် တရားလို၏ သမီးဖြစ်သူ မလှနှင်းရွှေ(၂)နှစ် မသင်းသင်းစိုး (၄)နှစ် နှင့် အစ်ကိုဖြစ်သူ အောင်မိုး၏ သမီး မယမင်း(၈)လ တို့တွင်လည်း သရဲတစ္ဆေများ ဝင်ပူးနေကြာင်း ပြောကာ တရားခံ ထွန်းနိုင်က ခြေထောက်ဖြင့် ကန်ခြင်း လက်သီးဖြင့်ထိုးခြင်း တက်နင်းခြင်း တို့ဖြင့် ကုသပေးနေရာ ၁၉ ရက်ည ၁၀ နာရီ အချိန်ခန့်တွင် မလှနှင်းရွှေနှင့် မယမင်းတို့ နှစ်ဦးမှာ သေဆုံးသွားသဖြင့် ၂၀ရက်နံနက်ပိုင်း တွင် အောင်မိုး ဆိုသူ၏ နေအိမ်တွင် တရားခံမှ ကလေးငယ် နှစ်ဦးအား မြှပ်နှံခဲ့သည်ဟုသိရသည်။

ယင်းနောက် မသင်းသင်းစိုးအား ဆက်လက်ကုသရာ ခြေထောက်ဖြင့် ကန်ခြင်း တက်နင်းခြင်း လက်သီးဖြင့် ထိုးခြင်း ပေါက်စိန်ဖြင့်ထုခြင်းများ ပြုလုပ်ခဲ့သည်ဟု သိရသည်။ ယင်းကြောင့် မသင်းသင်းစိုး တွင်ဝဲယာ ပါးဖူးရောင်ခြင်း ဒဏ်ရာဝဲယာ မျက်ခုံး ဖူးရောင်ညိုမဲ ဒဏ်ရာ အပေါ်နှုတ်ခမ်း ဖူးရောင်ပွန်းခြစ် ဒဏ်ရာများ ရရှိခဲ့သဖြင့် ကလေးအား ရွှေလှေချောင်းကျေးရွာအုပ်စု ရှိ ကျန်းမာရေးဆရာဝန် မနော်စေးထံ သွားရောက် ပြသခဲ့ရာ ဆရာမမှ ကလေးအား တွံ့ တေး ဆေးရုံသို့ 
သွားရောက်ကုသရန် လမ်းညွှန်လိုက်သည်ဟု သိရသည်။

မသင်းသင်းစိုး အား တွံ့တေးဆေးရုံတွင် အတွင်းလူနာ (မစိုးရိမ်ရ) ဖြင့် ကုသနေပြီး ဖြစ်စဉ်အား ရဲစခန်းသို့ တိုင် ကြားရန် ပြောသဖြင့် တရားလို ဦးစိုးမင်း မှ သမီးဖြစ်သူ မနှင်းရွှေ(၂) တူမဖြစ်သူ မယမင်း(၈)လ တူဖြစ်သူ တစ်တို(ခ)နေလလင်း တို့အား သရဲတစ္ဆေ ထုတ်ပေးရင်း သေဆုံးခဲ့ခြင်း အတွက် တွံ့ တေးမြို့မ ရဲစခန်းသို့လာရောက် အမှုဖွင့်တိုင်ကြားရခြင်း ဖြစ်သည် ဟုသိရသည်။

အဆိုပါအမှုအား တွံ့ တေးမြို့ မရဲစခန်းမှ အမှုစစ် ဒုရဲမှုးကျော်နိုင်စိုး(စခန်းမှူး) က(ပ)၆၄၂/၂၀၁၆ဥပဒေပုဒ်မ (၃၀၂ဖြင့် အမှု့ဖွင့် အရေးယူ ဆောင်ရွက်နေပြီး တွံတေးဆေးရုံမှ ဆရာဝန်ကြီး ဒေါက်တာနေ၀င်းသွင် မြို့နယ်တရားသူကြီး ဦးလှိုင် တွံ့တေးမြို့မရဲစခန်းမှူး ဒုရဲမှူးကျော်နိုင်စိုး တို့နှင့်အတူ ကလေးငယ် ရုပ်အလောင်း များအား တူးဖော်ကာ ရင်ခွဲစစ်ဆေးခြင်း တွံ့တေးတူးမြောင်း အတွင်း မျှောလိုက်သော ကလေးငယ် အလောင်းအား လိုက်လံရှာဖွေ ခြင်းများ ပြုလုပ်လျက်ရှိပြီး တရားခံဖြစ်သူကို ဖမ်းဆီး ရမိထားကြောင်း သိရသည်။

Photo - စိတ္တသုခလူမှု့ကူညီရေးအသင်း - တွံတေး
News Watch
Loading...