ကျောင်းသားနှစ်ဦး Bee Talk ချက်တင်မှတစ်ဆင့် စကား များပြီး ပြင်ပတွင်ချိန်းဆိုကာ ရန် ဖြစ်ရာမှ ဓားထိုးမှုဖြစ်



_________________________________________________________


ကျောင်းသားနှစ်ဦး Bee Talk ချက်တင်မှတစ်ဆင့် စကား များပြီး ပြင်ပတွင်ချိန်းဆိုကာ ရန် ဖြစ်ရာမှ ဓားထိုးမှုဖြစ်ပွားေ ကြာင်း သတင်းရရှိသည်။

အောက်တိုဘာ ၆ ရက် နေ့ လယ် ၁၂ နာရီကျော်တွင် န၀မတန်းကျောင်းသားနှစ်ဦး စကားများရန်ဖြစ်စဉ် အဖော်လိုက်ပါ လာသည့် ကျောင်းသားတစ်ဦး က ဓားဖြင့်ဝင်ထိုးကာ ထွက်ပြေးခဲ့ခြင်းဖြစ်ကြောင်း မင်္ဂလာဒုံရဲစခန်းမှ ရဲအရာရှိတစ်ဦးကပြောသည်။

‘‘ကျောင်းချင်းအတူတူတော့ မဟုတ်ဘူး။ နှစ်ယောက်သား အင်တာနက်ကနေတစ်ဆင့် ဆဲပြီး ဘောလုံးကွင်းမှာ ချိန်းကြတယ်။ ဘောလုံးကွင်းထဲ ရောက်တော့ ရန်ဖြစ်တဲ့ ကျောင်းသားနှစ် ယောက် စကားပြောနေတုန်း အဖော်ပါတဲ့တစ်ယောက်က ၀င်ထိုးသွားတာပါ။ အခုဓားနဲ့ထိုးတဲ့ ကျောင်းသားကို လိုက်ရှာနေပါတယ်’’ ဟု  ရဲအရာရှိကပြောသည်။

 ဓားဖြင့် ထိုးခံရသည့်ကျောင်းသားမှာ အောင်ဆန်းသူ ရိယလှသောင်းကျောင်းမှ အသက်(၁၅)နှစ်အရွယ် န၀မတန်းကျောင်းသား မောင်သက်ဝေ ကျော်ဖြစ်ပြီး ရန်ဖြစ်ရန် ချိန်းဆိုခဲ့သည့် ကျောင်းသားမှာ မင်္ဂလာဒုံ အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်းမှ အသက်(၁၅)နှစ်အရွယ် န၀မတန်းကျောင်းသား မောင်ကောင်းဆက်လင်းဖြစ်ကြောင်း သိရသည်။

‘‘ဟိုတုန်းကတည်းက ဒီကျောင်းက ကျောင်းသားတွေ ဘောလုံးကွင်းမှာ ချိန်းပြီးရန်ဖြစ်နေကျပါ။ ဒါပေမဲ့ အခုခေတ်လိုတော့ ဓားတွေနဲ့ လုပ်ကြတာမဟုတ်ပါဘူး။ ကျောင်းသားတွေ မကြာခဏ ဓားတွေနဲ့ထိုးတဲ့ သတင်းတွေ ကြားနေရတယ်။  ဆရာ၊ ဆရာမတွေအပြင် မိဘတွေကလည်း သားသမီးတွေကို စစ်ဆေးပြီးမှ ကျောင်းကိုလွှတ်တာ အ ကောင်းဆုံးပါ’’ဟု မင်္ဂလာဒုံမြို့နယ်တွင် နေထိုင်သူ အမျိုးသားတစ်ဦးကပြောသည်။

ဓားဖြင့်ထိုးခံရသည့် မောင်သက်ဝေကျော်သည် ခါးတွင် ဓားတန်းလန်းဖြင့် အင်းစိန်ဆေးရုံကြီး၌ အတွင်းလူနာ (မစိုးရိမ်ရ)အဖြစ် တက်ရောက်ကုသနေပြီး ဓားဖြင့်ထိုးခဲ့သည့် ကျောင်းသားကို လိုက်လံရှာဖွေနေကြောင်း သိရသည်။ ပြီးခဲ့သည့် စက်တင်ဘာလကုန်ကလည်း တောင်ဥက္ကလာပမြို့နယ် (၁၃)ရပ်ကွက် အနော်မာလမ်းရှိ အထက(၃)တွင် န၀မတန်း ကျောင်းသားနှစ်ဦး ရည်းစားကိစ္စဖြင့် စကားများရန်ဖြစ်ရာမှ ဓားထိုးမှုဖြစ်ပွားခဲ့သည်။
7daydaily
Loading...