Breaking News

ဓာတ်လှေကားကျိုးကျမတက် လူငယ်ပရိသတ်တွေအားပေးကြမ်းခဲ့တဲ့ ရွှေထူးနဲ့ X Boxတို့ရဲ့ 4FOUR MTV ဒီဗီဒီတေးစီရီး ပရိုးမိုးရှင်း ရှိုးပွဲ


Loading...

လှည်းတန်းစင်တာမှာ ဓာတ်လှေကားကျိုးကျမတက် လူငယ်ပရိသတ်တွေအားပေးကြမ်းခဲ့တဲ့ ရွှေထူးနဲ့ X Boxတို့ရဲ့ 4FOUR  MTV ဒီဗီဒီတေးစီရီး ပရိုးမိုးရှင်း ရှိုးပွဲ
========================================
စက်တင်ဘာ(၁၈)ရက် ညနေ(၃)နာရီ လှည်းတန်းစင်တာမှာပြုလုပ်ခဲ့တဲ့ ရွှေထူး ၊ X Box ၊ ထက်ယံ ၊ LIL'Z တို့ရဲ့ 4FOUR  MTV ဒီဗီဒီတေးစီရီး ပရိုးမိုးရှင်း ရှိုးပွဲကို လူငယ်ပရိသတ်တွေ အများအပြား လှည်းတန်းစင်တာ အောက်ထပ်အပြည့် နဲ့ အပေါ်ထပ်တွေမှာ စက်လှေကား ကျိုးကျလုနီးပါး အားပေးခဲ့ကြပါတယ်။ (၂၀၁၇) ခုနှစ်ထဲမှာ 4FOUR  MTV DVD တေးစီရီးမှာ ပါဝင်သီဆိုထားတဲ့ သူငယ်ချင်းလေးယောက် သီးသန့်ရှိုးပွဲများကို နယ်လှည့်ဖြေဖျော်နိုင်ဖို့ စီစဉ်နေပြီး ဒီနှစ်ထဲမှာ အခြားအဆိုတော်တွေနဲ့အတူ ပါဝင်သီဆိုမယ့် ရန်ကုန်မြို့ ရှိုးပွဲတွေရှိပါတယ်။ ဒါ့အပြင် နောက်ထပ်သူငယ်ချင်းလေးယောက် စုပေါင်းထုတ်နိုင်မယ့် သီချင်းခွေအသစ်အတွက် ပြင်ဆင်သွားမှာဖြစ်တယ်လို့ အဆိုတော် ထက်ယံကပြောပါတယ်။
======================================
သတင်းထောက် .........  ဗိုလ်မြင့်
5plusnews

Loading...