Like များများရချင်လို့ ကိုယ့်ကိုယ်ကိုယ်မီးရှို့ကြတဲ့ ရုရှားဆယ်ကျော်သက်တွေ


_________________________________________________________


ရုရှားနိုင်ငံ အနောက်တောင်ပိုင်း ပန်ဇာမြို့က ဆယ်ကျော်သက်တွေဟာ ကိုယ့်ကိုယ်ကိုယ် မီးနဲ့ရှို့ပြီး တံတားပေါ်ကနေ ခုန်ချတဲ့ ဗီဒီယိုကို လူမှုကွန်ရက်တွေပေါ်မှာ တင်ခဲ့ကြပါတယ်။ သူတို့ ခုလိုလုပ်ရတဲ့ ရည်ရွယ်ချက်ကတော့ Like တွေ များများရအောင်လို့ပါတဲ့။



ဗီဒီယိုထဲမှာတော့ ဆယ်ကျော်သက်တစ်ဦးဟာ မီးလောင်စေတဲ့အရည်တွေ ခန္ဓာကိုယ်မှာ လောင်းချပြီး အခြားတစ်ယောက်က သူ့ကိုမီးခြစ်နဲ့ရှို့လိုက်တာတွေ့ရပါတယ်။ တစ်ကိုယ်လုံးမီးလောင်သွားတဲ့ ကောင်လေးဟာ တံတားပေါ်ကနေ ရေထဲကို ခုန်ချလိုက်ပါတယ်။ နောက်ဗီဒီယိုတစ်ခုမှာလည်း ဆယ်ကျော်သက်နှစ်ဦးဟာ မီးတွေလောင်ကျွမ်းထားလျက်နဲ့ တံတားပေါ်ကနေ ရေထဲကို ခုန်ချပြထားပါတယ်။


သူတို့ရဲ့စတန့်ပြကွက်ဟာ အွန်လိုင်းပေါ်မှာ Like တွေ များများရခဲ့တာမှန်ပေမဲ့ ဒီလို ရူးနှမ်းတဲ့လုပ်ရပ်ကြောင့်ပဲ ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးတာကို ခံနေရပါပြီ။
Source : Mail Online
Loading...