အလုံပိတ်ခန်းမဟုတ်ဘဲ သီးသန့်ခန်းများသာဖြစ်သည် ‘ဟု အလုံပိတ်ခန်း တရားမ၀င်ဖွင့်လှစ်ထား သည် စွဲချက်ဖြင့် ၀င်ရောက်ဖမ်းဆီးခံရသည့် Cafe Orchid ဆိုင်မှ သတင်းစာရှင်းလင်း



_________________________________________________________


မန္တလေး စက်တင်ဘာ ၈
မန္တလေးမြို့ မဟာအောင်မြေမြို့နယ်အတွင်းဖွင့်လှစ်ထားသော Cafe Orchid ဆိုင်အား မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီရဲတပ်ဖွဲ့မှ အလုံ ပိတ်ခန်းပါ တရားမ၀င်ဖွင့်လှစ်ထား သည်ဟူသောစွဲချက်ဖြင့် ယမန်နေ့မွန်းလွဲပိုင်းက ၀င်ရောက်ဖမ်းဆီးခဲ့ရာ အဆိုပါဖမ်းဆီးမှုနှင့် ပတ်သက်၍ ဆိုင်ရှင်ဖြစ် သူမှကျေနပ်မှုမရှိသည့်အတွက် ယနေ့စက်တင်ဘာ ၈ ရက်နံနက် ၁၀ နာရီတွင် မန္တလေးသတင်းထောက်များဖိတ်ကြားကာ သတင်းစာရှင်းလင်းပွဲတစ်ခု ပြုလုပ်ခဲ့သည်။
“ဆိုင်မှာလုံးဝအရက်မရောင်းဘူး၊ စားသုံးသူတွေလွတ်လပ်စွာထိုင်ဖို့အတွက်တော့ သီးသန့်ခန်း ၇ ခန်းရှိတယ်၊ ဒါကိုအလုံပိတ်ခန်းရှိတယ်ဆိုပြီး လာဖမ်း တာပါ၊ ကျွန်တော့ဆိုင်ကဟိုတလောက ဖမ်းတဲ့ဆိုင်တွေလိုမဟုတ်ပါဘူး၊ တရားမ၀င်ဖွင့်နေတယ်ဆိုတာလည်းမဟုတ်ပါဘူး” ဟု ဆိုင်ရှင်ဦး ဇေယျာလွင်က ပြောကြားခဲ့သည်။
 မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီတွင် Cafe Orchid အမည်ဖြင့်တရား ၀င်လိုင် စင်ဖြင့် ဖွင့်လှစ်ထားခြင်းဖြစ်သည့်အတွက် ယခုလိုဝင်ရောက် ဖမ်းဆီးခြင်းအတွက် ၄င်း၏ဂုဏ်သိက္ခာ ထိခိုက်စေခဲ့ သည်ဟုလည်း ၄င်းကဆိုသည်။
 “တရားဝင်စာရွက်စာတမ်းအထောက်အထားအစုံရှိတယ်၊ ဒီဆိုင်စဖွင့်တော့လည်း စည်ပင် ကိုယ်တိုင်လာစစ်သွားတာပါ၊ အခုဟာက ဒီအနီးအနားလေးတင် အနှိပ်ခန်းလည်းရှိတယ်၊ ကာရာ အိုကေလည်းရှိတယ်၊ အဲဒီမှာမိန်းကလေးတွေထားထားတာ လူတော်တော်များများလည်းသိပြီးသားပါ၊ ကျွန်တော့် လိုဆိုင်မျိုးလည်း ၇ ဆိုင်လောက်ရှိတာကို ကျွန်တော့ဆိုင်ကိုပဲ ရွေးဖမ်းသွားတာ။ ဒါဘာ သဘောလဲသိချင်တယ်” ဟု စည်ပင်၏ဖမ်းဆီးမှုနှင့်စပ်လျဉ်း၍ ဆိုင်ရှင်ဦးဇေယျာလွင်ကမေး ခွန်း ထုတ်သည်။
 အဆိုပါဆိုင်ခန်းများဖမ်းဆီးအရေးယူမှုတွင် သက်ဆိုင်ရာအဖွဲ့အစည်းများအား ငွေကြေး (လိုင်းကြေး)ပေးရခြင်းမျိုး ရှိသည်ဟု စွပ်စွဲမှုများရှိနေသဖြင့်  မဟာအောင်မြေမြို့နယ်အုပ်ချုပ်ရေးမှူးရုံး သို့ china.com myanmar မှမေးမြန်းကြည့်ရာတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးဦးအောင်မျိုးသန့်က ငွေကြေးရယူထားခြင်းမရှိကြောင်း ပြန်လည်ငြင်းဆိုဖြေကြားခဲ့သည်။
မန္တလေးမြို့တော်စည်ပင်သာယာနယ်နိမိတ် Down Town ဧရိယာအတွင်းရှိ တရားမ၀င်အ လုံပိတ်ခန်း ပါအအေးဆိုင်နှင့်ကော်ဖီဆိုင်များအား မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ ရဲတပ်ဖွဲ့မှ ယခုလ ၂ ရက်မှစတင်ကာ သတင်းအရသော်လည်းကောင်း၊ စုံစမ်းစစ်ဆေးမှုအရသော် လည်းကောင်း ဖမ်းဆီးအရေးယူမှုတို့ရှိနေရာ ယခုဖမ်းဆီးမှုဖြစ်စဉ်တွင် ပထမဦးဆုံးအကြိမ်ပြဿနာ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ကျော်ထွေး


china.com myanmar

Loading...