မှောင်ခိုသစ်များတင်ဆောင်လာသောယာဉ်ကို ရဲအုပ်တစ်ဦးမောင်းနှင်လာပြီး အမျိုးသမီးနှစ်ဦး ကိုဝင်တိုက်၊ ကားကိုထား ၍ ကိုယ်လွတ်ထွက်ပြေး

_________________________________________________________

ကန့်ဘလူ၊ စက်တင်ဘာ ၁-ရဲအုပ် တစ်ဦးမှောင်ခိုသစ်များ တင်ဆောင်ပြီး ကားမောင်း လာစဉ် စစ်ကိုင်းတိုင်းဒေ သကြီး ကန့်ဘလူမြို့နယ် ဘောကျေး ရွာအနီးကားလမ်းတွင် အမျိုးသမီးနှစ်ဦး အား ၀င်တိုက်မိကာ ယာဉ်ကိုတော လမ်းတစ်နေရာ၌ထား၍ ထွက်ပြေး သွားသဖြင့် စက်တင်ဘာ ၁ ရက်က ကန့်ဘလူရဲစခန်းတွင် အမှုဖွင့်ထား ကြောင်း တိုင်းရဲတပ်ဖွဲ့ရုးံမှသိရသည်။
ဖစ်စဉ်မှာ သြဂုတ် ၃၁ ရက် ည နေ ၃ နာရီခန့်က မန္တလေး-မြစ်ကြီး နား ဗျူဟာလမ်းအတိုင်းမောင်းနှင် လာသော 2F/------ ကယ်ဒီနာခဲရောင် ယာဉ် သည် ကန့်ဘလူမြို့နယ် ဘော ကျေးရွာအနီးအရောက်တွင် ကျွန်းလှ မြို့သစ်ရာမြိုင်ရပ်ကွက်နေ အမျိုး သမီးနှစ်ဦးစီးနင်းလာသော ကမ်ဘို ဆိုင်ကယ်အား ချိတ်တိုက်မိခဲ့ပြီး ယာဉ် မှာ မရပ်ဘဲမောင်းထွက်ပြေးခဲ့သည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ် တိုက်မှု သတင်းအား နယ်မြေခံဇင်းရွာ ရဲကင်းစခန်းမှူးက သွားရောက်စစ်ဆေး ခဲ့ပြီး ကားချိတ်တိုက်ခံရသော မိန်းက လေးနှစ်ဦးအား ပွန်းပဲ့ဒဏ်ရာများရ နေ၍ ကန့်ဘလူပြည်သူ့ဆေးရုံသို့ ရဲ ဆေးစာဖြင့်ပို့ကာ တက်ရောက်ကုသ မှုခံယူစေခဲ့သည်။
ထို့နောက် ထွက်ပြေးသွားသော ယာဉ်အား ရဲတပ်ဖွဲ့မှ လိုက်လံစုံစမ်း ရာ ဘောကျေးရွာအရှေ့တောင်ဘက် ဟုန်ပန်တော တိုက်၊ ဒေါင်းမီးချောင်း ထဲတွင် ရပ်ထားသည်ကိုတွေ့ရသည့် အတွက် ယာဉ်အားစစ်ဆေးရာတရား မ၀င် တမလန်းခွဲသားခြောက် တုံးကို ကားထဲတွင်တွေ့ရပြီး စစ်ကိုင်းတိုင်း ရဲတပ်ဖွဲ့နေ့ အပြာရောင်မှတ်စုစာအုပ်၊ နိုင်ငံသားစိစစ်ရေးကတ်မိတ္တူနှင့် ရဲအုပ်သိန်းလွင်အား ရဲအရာရှိ လေ့ ကျင့်ရေးကျောင်းဇီးပင်ကြီးမှ ရှမ်းပြည် နယ်ရဲတပ်ဖွဲ့သို့ ပြောင်းရွှေ့ရန်ဟု ပါသော ရဲအုပ်အပြောင်းအရွှေ့စာရွက်တို့ကို သိမ်းဆည်းရမိခဲ့သည်။
" မှတ်စုစာအုပ်ပါ ဖုန်းနံပါတ်အ တိုင်းဆက်တော့ စာအုပ်ပိုင်ရှင် က ကောလင်းရဲစခန်းက ရဲတပ်သားတစ် ဦးရဲ့စာအုပ် လို့သိရ တယ် ၊ သူ့ဆီကို ယာဉ်တိုက်မှုဖြစ်တဲ့ ရဲအုပ်က သစ် တောဝန်ထမ်းနဲ့ ရဲတွေဖုန်းနံပါတ်ပါ တဲ့ မှတ်စုစာအုပ်ငှားပေးပါဆိုလို့ ငှား ပေးလိုက်တာလို့သိရတယ်၊ လိုက်စုံ စမ်းတော့၊ ကားပေါ်ကနေ ရဲအုပ်အ ဆင့်ယူနီဖောင်းနဲ့ လူတစ်ဦးရယ်၊ အ ရပ်ဝတ်လူ တစ်ဦးရယ် ဒေါင်းမီးချောင်း နားကားရပ်ပြီး တောထဲဆင်းပြေးသွား တယ်လို့ မြင်လိုက်တဲ့ လူတွေကလည်း ပြောတယ်။ အတိုက်ခံရ တဲ့ကောင်မ လေးတွေကလည်း ယာဉ်မောင်းတဲ့ သူကရဲယူနီဖောင်းနဲ့ လို့ပြောတယ်။ ဒါကြောင့် ရဲအုပ်ကို ယာဉ်တိုက်မှုနဲ့ အမှုဖွင့်ထားတယ်" ဟု စစ်ကိုင်းတိုင်း ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြော ကြားသည်။
ယာဉ်တိုက်မှုကြောင့် ရဲအုပ် သိန်းလွင်အားအရေးယူပေးရန် ကန့် ဘလူမြို့မစ ခန်းတွင် ယာဉ်(ပ)၂၄/၂၀၁၆၊ ပုဒ်မ ၃၃၇/၃၃၈ဖြင့် အမှုဖွင့် ထားပြီး တရားမ၀င် သစ်များသယ်ဆောင်မှုနှင့်လည်း ထပ်ဖွင့်ရန်ဆောင် ရွက်နေကာ အမြန်ဖမ်းဆီးနိုင်ရေးကန့် ဘလူရဲတပ်ဖွဲ့မှ စီစဉ်နေကြောင်း သ တင်းရရှိသည်။
Loading...