Breaking News


ဒေါ်အောင်ဆန်းစုကြည်ရဲ့လုံခြုံရေး အန္တရာယ်မရှိဟုဆို


Loading...


အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့မှာ ရောက်ရှိနေတဲ့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးအတွက် အန္တရာယ်မရှိဘူးလို့ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောလိုက်ပါတယ်။
အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့ မက်ဟက်တန်မှာ ( စက်တင်ဘာလ ၁၇ ရက်)ညက ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ပြီး လူ ၂၉ ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီးနောက်ပိုင်း ဦးဇော်ဌေးက အခုလိုပြောလိုက်တာပါ။
"အန္တရာယ် ကင်းရှင်းပါတယ်။ US Secret Service က လုံခြုံရေး အထူးတာဝန်ယူထားပြီး စောင့်ရှောက်နေပါတယ်"လို့ ဦးဇော်ဌေးက သူ့ရဲ့ဖေ့ဘွတ်ခ် စာမျက်နှာကနေတဆင့် ပြည်သူတွေကို အသိပေးထားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်က စက်တင်ဘာ၁၉ ရက်မှာ နယူးယောက်မြို့ ကုလသမဂ္ဂ ဌာနချုပ်မှာကျင်းပမယ့် ဒုက္ခသည်နဲ့ ရွှေ့ပြောင်းအခြေချ နေထိုင်သူများ ဆိုင်ရာ ကုလသမဂ္ဂဆွေးနွေးပွဲကို တက်ရောက်မှာဖြစ်ပြီး စက်တင်ဘာလ ၂၁ ရက်မှာ ကုလသမဂ္ဂအထွေထွေညီလာခံမှာ မိန့်ခွန်းပြောကြားမှာဖြစ်ပါတယ်။
Source : 7DayDaily
Loading...