တောင့်တောင့်ဖြောင့်ဖြောင့် မော်ဒယ်က အလှမယ်ပြိုင်ပွဲတွင် ဒုတိယသာရသဖြင့် ပရိသတ်များ မကျေနပ်


_________________________________________________________


အီတလီနိုင်ငံမှာ ကျင်းပတဲ့ အလှမယ်ပြိုင်ပွဲမှာ ပရိသတ်အားပေးမှု အများအပြားရခဲ့တဲ့ တောင့်တောင့်ဖြောင့်ဖြောင့် အလှမယ်ဟာ နောက်ဆုံးအဆင့်မှာ ဒုတိယနဲ့သာ ကျေနပ်လိုက်ရတယ်လို့ သိရပါတယ်။အလှမယ်ပြိုင်ပွဲ ပြီးဆုံးပြီးနောက် အလှမယ်ရွေးချယ်မှုအပေါ် ပရိသတ်တွေ အငြင်းပွားလျှက်ရှိပါတယ်။ ပရိသတ်အခိုင်အမာ ရှိထားတဲ့ plus size အလှမယ် ပါအိုလာတိုရန်တေးအနေနဲ့ plus size ပုံမှန်အလှမယ်ပြိုင်ပွဲမှာ ဝင်မပြိုင်ပဲ plus size အလှမယ်ပြိုင်ပွဲမှာသာ သွားရောက်ယှဉ်ပြိုင်သင့်တယ်လို့ ပြိုင်ပွဲမှာ တတိယရခဲ့တဲ့ အလှမယ်ရဲ့မိခင်ဖြစ်သူက လူမှုကွန်ယက်ကမှာ ဝေဖန်ထားပါတယ်။ 


အီတလီပရိသတ်တွေကတော့ ပြိုင်ပွဲမှာ ဒုတိယရခဲ့တဲ့ ပါအိုလာကို သဘာဝရဲ့အလှတရားလို့ တင်စားခေါ်ဝေနေကြပါတယ်။ပါအိုလာက သူအနေနဲ့ ဒုတိယသာ ရခဲ့ပေမယ့် ပရိသတ်တွေကြောင့် ပထမရသလို ခံစားရကြောင်း ပြိုင်ပွဲအပြီး အင်တာဗျူးမှာ ပြောထားပါတယ်။
Duwun