Breaking News

"အမြန်လမ်းတွင် ရပ်ထားသည့် ယာဉ်ကို လိုက်ထရက်ယာဉ်က နောက်မှဝင်တိုက်မိ "


Loading...


ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ် ၂၃၈တွင်ရပ်တန့်ထားသည့် ကင်တာယာဉ်ကို နေပြည် တော်မှ မန္တလေးသို့ မေင်းနှင်လာသည့် လိုက်ထရက်ယာဉ်မှ ၀င်တိုက်မိမှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။  ။
ဝင်ရောက်အတိုက်ခံရသည့် ကန်တာယာဉ်သည် စက်တင်ဘာ၁၂ရက် နံနက် ၅နာရီကျော်ခန့်တွင် မိုင်တိုင်အမှတ် ၂၃၈ ၌ ရပ်တန့်ထားစဉ် လိုက်ထရက်ယာဉ်က နောက်မှတိုက်မိခဲ့ခြင်း ဖြစ်ကြောင်း အမြန်လမ်းရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦး ကပြောသည်။
"ရပ်ထားတဲ့ကန်တာကားက အချက်ပြမီးဖွင့်ပြီး ရပ်ထားတယ်။ ပြီးတော့ ကားသမားနဲ့အဖော်က စကား ပြောနေတုန်း လိုက်ထရက်ကနောက်ကေ န၀င်တိုက်တာပါ။ လိုက်ထရက်ယာဉ်မောင်းတော့ ခြေထောက်ကျိုးပါတယ်။ အတူပါတဲ့သူလည်း ခြေထောက်ကျိုးပြီး စိုးရိမ်ရပါတယ်"ဟု ၄င်းကပြောသည်။
လိုက်ထရက်ယာဉ်ပေါ်တွင် ပါလာသူများကို  နေပြည်ကုတင်၁၀၀၀ ဆေးရုံသို့တင်ပို့ပေးထား ကြောင်းသိရသည်။
ဓာတ်ပုံ-အမြန်လမ်းရဲတပ်ဖွဲ့
7daydaily
Loading...