Breaking News


ကျောက်တံတားမြို့နယ်တွင် အိမ်အကူမိန်းကလေးငယ်များအား ညှင်းပန်းနှိပ်စက်ပြီး လုပ်ခလစာများမပေးခဲ့သည့်ဖြစ်စဉ်မှ ပြစ်မှု ကျူးလွန်သူတစ်ဦးအား ဖမ်းဆီးရမိ


Loading...


ကျောက်တံတားမြို့နယ်တွင် အိမ်အကူမိန်းကလေးငယ်များအား ညှင်းပန်း
နှိပ်စက်ပြီး လုပ်ခလစာများမပေးခဲ့သဖြင့် ကျောက်တံတားမြို့ရဲစခန်း
(ပ)၁၉၃/၂၀၁၆၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေပုဒ်မ ၂၄/၃၂
ဖြင့် အရေးယူဆောင်ရွက်လျက်ရှိသော အမှုမှပြစ်မှုကျူးလွန်သူများအား 
ဖမ်းဆီး ရမိရေးအတွက် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များက 
လိုက်လံစုံစမ်းရှာဖွေခဲ့ရာ ပြစ်မှုကျူးလွန်သူနှစ်ဦးအနက် ဒေါ်တင်သူဇာ၊
(၅၇)နှစ်အား ၎င်း၏အဒေါ်ဖြစ်သူနေထိုင်သော သင်္ဃန်းကျွန်းမြို့နယ်၊ 
(ခ)ရပ်ကွက်၊ ပြည်တော်သာလမ်းရှိနေအိမ်မှ ၂၀.၉.၂၀၁၆ ရက်နေ့ 
၂၂၀၀ အချိန်တွင် ဖမ်းဆီးရမိခဲ့သဖြင့် အမှုဖြင့်စစ်ဆေးဆောင်ရွက်လျက်
ရှိကြောင်းနှင့် ကျန်ပြစ်မှုကျူးလွန်သူ မစုမွန်လတ်အား ဖမ်းဆီးရမိရေး 
ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။


Loading...