Breaking News


လူမျက်နှာနှင့် နဖူးပေါ် အမျိုးသားလိင်အင်္ဂါပုံပါသည့် ၀က်ကလေးရုပ်သံ ပျံ့နှံ့

Loading...






တရုတ်နိုင်ငံမှ ၀က်ကလေးတကောင်ဟာ သိပ္ပံစွန့်စားခန်း ဇာတ်လမ်းတွေထဲက သန္ဓေပြောင်း သတ္တ၀ါတကောင်လို ဖြစ်နေခဲ့တဲ့အတွက် လတ်တလော အင်တာနက် လူမှုကွန်ရက် စာမျက်နှာတွေပေါ်မှာ ရေပန်းစားနေပါတယ်။
ထူးဆန်းစွာပဲ အဲဒီဝက်ကလေးရဲ့မျက်နှာဟာ လူသားတယောက်ရဲ့ မျက်နှာလို ဖြစ်နေခဲ့ကာ သူ့ရဲ့နဖူးမှာတော့ အမျိုးသား လိင်အင်္ဂါသဏ္ဌာန် အသားစိုင်တွေ ပါဝင်နေခဲ့တာပါ။
ရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ အဆိုပါဝက်ကလေးဟာ သန်းဝေတဲ့ပုံစံနဲ့ အသက်ကို ပြင်းပြင်းရှူနေတာကို တွေ့ရမှာပါ။
ဒီရုပ်သံဗွီဒီယိုဖိုင်ဟာ ဘယ်မှာအစပြု ရိုက်ကူးထားခဲ့တယ်ဆိုတာ မသိနိုင်ပေမယ့် တရုတ်နိုင်ငံရဲ့ အင်တာနက် လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာတော့ ကျယ်ကျယ်ပြန့်ပြန့် မျှဝေမှုတွေ လုပ်နေကြတယ်လို့ မေရာသတင်းတပုဒ်မှာ ဖော်ပြပါတယ်။
ပြီးခဲ့တဲ့နှစ်ကလည်း ခုလို ထူးဆန်းတဲ့ ၀က်ကလေးတကောင် ပိုင်ဆိုင်တယ်ဆိုတဲ့ လယ်သမားတဦးဟာ နာမည်ကျော်ခဲ့ပါသေးတယ်။
တာအိုလူအမည်ရတဲ့ အဲဒီလယ်သမားဟာ နန်နင်းခရိုင်၊ ယူနန်မြို့မှဖြစ်ပြီး သူမွေးထားတဲ့ ၀က်ကလေး ၁၉ ကောင်ထဲက နောက်ဆုံး ၁ ကောင်ဟာ ခုလိုပဲ လူသားမျက်နှာပုံစံနဲ့ နဖူးမှာ အမျိုးသားလိင်အင်္ဂါပုံစံပါ အခြေအနေနဲ့ မွေးဖွားခဲ့တာလို့ ဆိုပါတယ်။
ဒေသတွင်း သတင်းစာတွေမှာ အဆိုပါဝက်ကလေးရဲ့ပုံတွေ ပျံ့နှံ့ခဲ့ပြီးနောက်မှာတော့ သူ့ဆီကနေ ၀ယ်ယူချင်တဲ့လူတွေက ကမ်းလှမ်းခဲ့ကြတာပါ။
ဒါပေမယ့် ကံဆိုးစွာပဲ အဆိုပါဝက်ကလေးဟာ မိခင်ဖြစ်သူ ၀က်မကြီးက လက်မခံခဲ့တဲ့အတွက် သေဆုံးသွားခဲ့ပါတယ်။
အသက် ၄၀ အရွယ် တာအိုက “ကျနော့်ဆီမှာ မွေးခဲ့တဲ့ ၀က်ကလေး ၁၉ ကောင်ထဲက တကောင်ဟာ ခုလို ထူးထူးခြားခြား ပါလာခဲ့တာပါ။ သူသေသွားခဲ့တာကို ကျနော် စိတ်မကောင်းဖြစ်မိပါတယ်” လို့ ပြောပါတယ်။
သူဟာ ၀က်ကလေးကို သီးခြားထားရှိပြီး လာရောက်ကြည့်ရှုသူတွေကို ဆွဲဆောင်နိုင်ဖို့ ရည်ရွယ်ခဲ့တာလို့ ဆိုပါတယ်။
သွားရောက်ကြည့်ရှုခဲ့ကြသူတွေထဲက တဦးဖြစ်တဲ့ အသက် ၃၂ နှစ်အရွယ် ၀ူကောင်းကတော့ “အဲဒီအချိန်က ဒီဝက်ကလေးကို သွားကြည့်ခဲ့ကြတဲ့ လူတွေထဲမှာ ကျနော်လည်း ပါပါတယ်။ သူပြောသလိုပဲ အဲဒီဝက်ကလေးဟာ လူသားမျက်နှာနဲ့ နဖူးမှာ အမျိုးသားလိင်အင်္ဂါပုံ ပါပါတယ်” လို့ ပြောပါတယ်။

DVB
Loading...