ဘင်္ဂလားဒေ့ရှ် အတိုက်အခံခေါင်းဆောင်ကို ကြိုးပေး ကွပ်မျက်

Loading...
_________________________________________________________

ဘင်္ဂလားဒေ့ရှ် နိုင်ငံရဲ့ အကြီးဆုံး အစ္စလာမ် ပါတီဖြစ်တဲ့ ဂျမားတေး အစ္စလာမ်မီ ပါတိရဲ့ ခေါင်းဆောင် တယောက်ဖြစ်တဲ့ မီယာ ကွေဆမ်း အာလီ ကိုကြိုးပေးသတ်ဖြတ်လိုက်ပါတယ်။
သူဟာ အထူးခုံရုံးကနေ စစ်ရာဇဝတ်မှု စွဲချက်နဲ့ အသတ်ခံရတဲ့ ဆဋ္ဌဌမ မြောက်ပုဂ္ဂိုလ်လည်း ဖြစ်ပါတယ်။
ဘင်္ဂလားဒေ့ရှ် မှာ လွန်ခဲ့တဲ့ ၄၅ နှစ်ကြာက ဖြစ်ပွားခဲ့တဲ့ လွတ်လပ်ရေး စစ်ပွဲအတွင်း ကျူးလွန်ခဲ့ကြတယ်လို့ စွပ်စွဲခြင်းခံရတဲ့ ရာဇဝတ်မှုတွေ အတွက် ခုံရုံးဖွဲ့ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ပြီး ကွပ်မျက်ခံရသူတွေထဲမှာ သူဟာ ဆဋ္ဌဌမမြောက်ဖြစ်ပါတယ်။
မီယား ကွေဆမ်း အာလီ ဟာ သန်းကြွယ်သူဌေးကြီး တယောက်ဖြစ်သလို နိုင်ငံရေးသမားတယောက်လည်း ဖြစ်ပါတယ်။ ဂျမားတေး အစ္စလာမ်မီ ပါတီရဲ့ ခေါင်းဆောင်လည်း ဖြစ်ပါတယ်။
၁၉၇၁ ခုနှစ်က ပါကစ္စတန် အာမီကို ထောက်ခံသူဟာ သူ့အမိန့်နဲ့ စစ်တကောင်းမြို့မှာ အကြမ်းဖက်မှုတွေ ကျူးလွန်ခဲ့တယ်လို့ တရားရုံးကဆုံးဖြတ်ပြီး အခုလိုကြိုးပေးကွပ်မျက်လိုက်တာ ဖြစ်ပါတယ်။
သူ့ကို အမှု ၁၄ မှုနဲ့ စွဲဆိုထားပြီး ၈ မှုမှာ သူဟာ အပြစ်ကျူးလွန်ခဲ့တယ်လို့ တရားရုံးက ဆုံးဖြတ်ခဲ့ပါတယ်။
စက်တင်ဘာ ၃ ရက် စနေညနေမှာ ဒါကာမြို့အပြင်ဘက်က လုံခြုံရေး အထူးတင်းကြပ်ထားတဲ့ အကျဉ်းထောင်မှာ သူ့ကိုကြိုးပေးကွပ်မျက်ခဲ့တာ ဖြစ်ပါတယ်။
ဘင်္ဂ္လားဒေ့ရှ်ရဲ့ နိုင်ငံရေးဟာ အကြီးအကျယ် ကွဲပြားနေကြပြီး တရားရုံးကိုယ်တိုင်ကိုက အငြင်းပွားမှုတွေ ရှိနေပါတယ်။ ဝေဖန်သူတချို့က တရားရုံးဟာ ဆန့်ကျင်ဖက်နိုင်ငံရေး အမြင်ရှိသူတွေကို နှိပ်ကွပ်ဖို့ လက်နက်တခု အဖြစ်နဲ့ ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။
အမေရိကန် အခြေစိုက် လူ့အခွင့်အရေးအဖွဲ့တဖွဲ့ဖြစ်တဲ့ Human Rights Watch ကတော့ တရားရုံးရဲ့ လုပ်ဆောင်မှု အဆင့်ဆင့်ဟာ နိုင်ငံတကာစံချိန်စံနှုန်းတွေနဲ့ မကိုက်ညီဘူးလို့ ဆိုထားပါတယ်။

http://www.bbc.com/burmese
Loading...

နောက်ဆုံးရသတင်းများ ⇩⇩⇩