ပရိသတ်တွေ အနေနဲ့ သရုပ်ဆောင်တွေကို ချစ်ပါ ကျနော်တို့ ကိုလည်း နားလည်ပေးစေချင်ပါတယ်



_________________________________________________________
ပရိသတ်တွေ အနေနဲ့ သရုပ်ဆောင်တွေကို ချစ်ပါ ကျနော်တို့ ကိုလည်း နားလည်ပေးစေချင်ပါတယ်



ဒါရိုက်တာစင်ရော်မောင်မောင်က အကယ်ဒမီသရုပ်ဆောင် ဖွေးဖွေး အား တရားဥပဒေနှင့်အညီ လုပ်ဆောင်သွားဖို့ ပြင်ဆင်နေ
==================================
စင်ရော်ကြော်ငြာလုပ်ငန်းက စက်တင်ဘာလ(၁၂)ရက်နေ့မှာ Miniso စတိုးဆိုင်ကြော်ငြာ ရိုက်ကူးဖို့ သရုပ်ဆောင်ဖွေးဖွေးကို ချိန်းဆိုထားပေမယ့် ရိုက်ကွင်းကို ရောက်မလာခဲ့သလို ရိုက်ကူးမှုအစီအစဉ်ကို ဖျက်ခဲ့လို့ အရေးယူမှုတွေ လုပ်ဆောင်ဖို့ ကြိုးစားသွားမယ်လို့ ဆိုပါတယ် ။ ကြော်ငြာရိုက်ဖို့ သရုပ်ဆောင် ဖွေးဖွေးကို အခုလ (၁)ရက်နေ့ကတည်းက ကမ်းလှမ်းခဲ့ပြီး အနုပညာကြေး ကျပ် (၄၅) သိန်းနဲ့ သဘောတူခဲ့ပြီး စရံငွေ ကျပ် သိန်း(၂၀) ပေးချေခဲ့ပြီးမှ အခုလို ဖျက်သိမ်းခဲ့တာလို့ သိရပါတယ်။ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးကိုလည်း ရိုက်ကူးခွင့် လျှောက်ထားခဲ့ပြီးမှ သဘောတူရိုက်ကူးခဲ့တာလို့ဆိုပါတယ်။ ရိုက်ကူးတဲ့ နေ့မှာ ရောက်မလာခဲ့လို့ ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ဘူးလို့ ဆိုပါတယ် ။ နောက်မှ ဖွေးဖွေး မိခင်က တဆင့် ရိုက်ကူးမှုကို ဖျက်သိမ်းတယ်လို့ အကြောင်းကြားခဲ့ပါတယ်။ အချိန်လွန် အကြောင်းကြားချက်ကြောင့် ရိုက်ကူးရေး ကုန်ကျစားရိတ်တွေ ဆုံးရှုံးနစ်နာခဲ့လို့ အရေးယူဆောင်ရွက်သွားဖို့ ပြင်ဆင်သွားမယ်လို့ပြောပါတယ် ။
ဒီကိစ္စနဲ့ ပတ်သတ်ပြီး သရုပ်ဆောင်ဖွေးဖွေး ကိုဆက်သွယ်မေးလို့မရခဲ့ပါဘူး။ ဖွေးဖွေးရဲ့ မိသားစုဝင်တစ်ဦးက တော့ ဒါဟာနားလည်မှုလွဲနေကြတာဖြစ်ပါတယ်လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်
5plus news
Loading...