တောဆိတ်တကောင်ကို ၀ါးမျိုပြီး မလှုပ်နိုင်တော့သည့် စပါးကြီးမြွေ(ရုပ်သံ)

Loading...
_________________________________________________________
အရှည်ပေ ၂၀ ရှိတဲ့ ဧရာမ စပါးကြီးမြွေတကောင်ဟာ တောဆိတ် တကောင်ကို ၀ါးမျိုခဲ့ပြီးနောက်မှာ မလှုပ်ရှားနိုင်တော့ပဲ ရှိနေခဲ့ပါတယ်။ဒီအဖြစ်အပျက်ဟာ အိန္ဒိယနိုင်ငံအနောက်ပိုင်း ဂူဂျာရက်တ်ပြည်နယ်၊ ဂျူနာဂက်ဒ်ခ်ျဒေသတွင်းက တောရိုင်းတိရစ္ဆာန်သဘာဝဘေးမဲ့တောထဲမှာ စက်တင်ဘာ ၂၀ ရက်နေ့က ဖြစ်ခဲ့တာပါ။
မျက်မြင်တွေ့ရှိတဲ့ ဒေသခံတွေဟာ ဂါနာတောရိုင်းတိရစ္ဆာန်သဘာဝဘေးမဲ့တော တာဝန်ရှိသူတွေဆီ အကြောင်းကြားခဲ့တာလို့ ဆိုပါတယ်။
အခင်းဖြစ်တဲ့နေရာဆီ သူတို့ရောက်ရှိခဲ့ချိန်မှာတော့ စပါးကြီးမြွေကြီးဟာ မြေပြင် ပေါ်မှာ မသက်မသာ မလှုပ်မယှက်လဲလျောင်းနေခဲ့တာကို တွေ့ခဲ့ကြပါတယ်။
သက်ဆိုင်ရာတာဝန်ရှိသူတွေကတော့ မြွေကြီးမျိုချခဲ့တဲ့ သတ္တ၀ါဟာ အရွယ် ရောက်ပြီးတဲ့ တောဆိတ်တကောင်ဖြစ်မယ်လို့ ယူဆနေကြတာပါ။
လက်ရှိမှာတော့ အဆိုပါမြွေကြီးကို သစ်တောတာဝန်ရှိသူတွေက ဖမ်းဆီးထိန်း သိမ်းထားခဲ့ပြီး လေ့လာစစ်ဆေးမှုတွေ လုပ်ဆောင်နေတာပါ။
သဘာဝပတ်ဝန်းကျင်ဆိုင်ရာ လက်ထောက်သုတေသနအရာရှိ အက်စ်ဒီ တီလာ လာက “လက်ရှိမှာတော့ ကျနော်တို့ သူ့(မြွေကြီး)ကို လေ့လာနေဆဲပါ။ အစာကျေညက်ပြီး
ပုံမှန်အခြေအနေအတိုင်း ပြန်ဖြစ်သွားပြီဆိုရင်တော့ တောထဲကို ပြန်လွှတ်လိုက်မှာပါ” လို့ ပြောပါတယ်။
အရွယ်ရောက်ပြီးတဲ့ တောဆိတ်တကောင်ဟာ စပါးကြီးမြွေထက်အရွယ်ပမာဏ ပိုကြီးပြီး ခုလိုအဖြစ်အပျက်ကတော့ မြွေကြီးအတွက် တကယ့်ကို ရုန်းကန်ခဲ့ရပုံပါပဲ။
စပါးကြီးမြွေတွေရဲ့ သဘာဝအရ သာမန်ထက်ပိုကြီးတဲ့ သားကောင်တွေကို ၀ါးမျို ပြီး အစာကြေညက်အောင် မချက်နိုင်ခဲ့ရင်တော့ ပြန်အန်ထွက်လေ့ရှိတယ်လို့ ဆိုပါတယ်။
DVB
Loading...

နောက်ဆုံးရသတင်းများ ⇩⇩⇩