သဘာဝအရှိတရားကို လက်ခံစေရန် ၀စ်လစ်စလစ်ဖြင့် လှည့်လည်ခဲ့ကြသည့် အမျိုးသမီးများ (ဓာတ်ပုံ)



_________________________________________________________


အာဂျင်တီးနားအမျိုးသမီး ၄ ဦးပါအုပ်စုတစုဟာ မြို့တော်ကွန်ဂရက်ပလာဇာ အ စိုးရအဆောက်အအုံပြင်ပမှာ ၀စ်လစ်စလစ်နဲ့ လမ်းလျှောက်လှည့်လည်ခဲ့ကြလို့ လမ်း သွားလမ်းလာတွေဟာ အံ့အားတသင့်ဖြစ်ခဲ့ကြရတယ်လို့ မေရာသတင်းမှာ စက်တင် ဘာလ ၂၂ ရက်နေ့က ဖော်ပြပါတယ်။
သူတို့ဟာ ခုလိုလမ်းလျှောက်လှည့်လည်တာဟာ အမျိုးသမီးတွေရဲ့ ၀စ်လစ်စ လစ်အခြေအနေမှာ အရှိတရားနဲ့ သည်းခံနိုင်စွမ်းကို မြှင့်တင်နိုင်စေဖို့ဖြစ်တယ်လို့ ဆိုပါ တယ်။
ဒါဟာ မြို့ပြ၀စ်လစ်စလစ်သရုပ်ဖော်ပြသမှုလို့ နာမည်တပ်ရမယ့် လှုပ်ရှားမှုတခု ဖြစ်တယ်လို့ သူတို့ထဲမှ ဦးဆောင်သူတဦးဖြစ်တဲ့ ပေါ်လာ ဘရင်ဒီဆီက ပြောပါတယ်။
“ဒါဟာ အရှိတရားကို တယောက်နဲ့ တယောက်လက်ခံသိနားလည်လာစေဖို့ လှုပ် ရှားမှုတခုပါပဲ။ အမျိုးသားတဦးက ရင်သားတွေဖော်တာမျိုးလုပ်ရင် ဘယ်သူကမှ အံ့သြ မှာ မဟုတ်ပေမယ့် အမျိုးသမီးတယောက်ရဲ့ ရင်သားတွေကို မြင်လိုက်ရရင်တော့ မျက် မှောင်ကျုံ့ကြည့်တတ်ကြတာမျိုးပါ”
သူတို့တွေဟာ လမ်းမတွေပေါ်မှာ ခုလိုလမ်းလျှောက်လှည့်လည်ခဲ့ချိန်မှာ လမ်း သွားလမ်းလာတွေဟာ အံ့အားတသင့်နဲ့ ဓာတ်ပုံတွေရိုက်ယူ ငေးကြည့်နေခဲ့ကြတယ်လို့ ဆိုပါတယ်။
ပေါ်လာ ဘရင်ဒီဆီက “ကျမတို့ ခုလုပ်ဆောင်မှုရဲ့ ရည်ရွယ်ချက်ဟာ လိင်မှုဆိုင် ရာ ကိစ္စတွေနဲ့ တခြားအရာတွေကို ရည်ရွယ်တာမဟုတ်ပါဘူး”လို့ ပြောပါတယ်။
ဒါပေမယ့် မကြာခင်မှာပဲ ရဲတွေရောက်လာခဲ့ကြပြီး သူတို့ကို ခုလိုသရုပ်ပြမှုမျိုးတွေ လုပ်ဖို့ မလိုအပ်ဘူးလို့ တားမြစ်ခဲ့ကြတာပါ။
သူတို့ကို ခုလိုဝစ်လစ်စလစ် အခြေအနေနဲ့ တွေ့မြင်နေရတာကို သက်တောင့် သက်သာမရှိဘူးလို့ လမ်းသွားလမ်းလာတွေက ဝေဖန်နေကြတာပါ။
DVB
Loading...