Breaking News

တစ်နေ့တာ ကံကြမ္မာ ယနေ့ စက်တင်ဘာ ၄ရက်အတွက် ရာသီဖွားအလိုက်ကံကြမ္မာ

Loading...


ယနေ့ စက်တင်ဘာ 4ရက်အတွက် ရာသီဖွားအလိုက်ကံကြမ္မာ
မိဿရာသီဖွားများအတွက် (မတ် 21-ဧပြီ 19အထိ)
ဖက်စပ်လုပ်ငန်းများ အောင်မြင်ပါမယ်။ အရာရာကိုထိုးထွင်းသိနေသလိုစိတ်ခံစားမှုမျိုးရှိနေလို့ အလုပ်လုပ်ချင် စိတ်ရှိရင်ချက်ချင်းအကောင်အထည်ဖော်လိုက်ပါ။ လက်မနှေးပါနဲ့။ ဆုံးဖြတ်ချက်မြန်မြန်ချသင့်တဲ့အတွက် တွေ ဝေမနေပါနဲ့။
ပြိဿရာသီဖွားများအတွက်  (ဧပြီ 20 - မေ 20အထိ)
 ဒီနေ့ပြိဿရာသီဖွားယောက်ျားလေးတွေအတွက်တော့ အချိန်ကုန်သလောက်အကျိုးရှိမယ့်နေ့ပါ။ လုပ်လိုက်တဲ့ အလုပ်က အနာဂတ်အတွက်တိုက်ရိုက်အဆင်ပြေစေပါလိမ့်မယ်။ မိန်းကလေးတွေကတော့ အချစ်ရေးအဆင် ပြေပါလိမ့်မယ်
မေထုန်ရာသီဖွားများအတွက်( မေ 21 - ဇွန် 20 အထိ)
သာယာတဲ့နေ့ပါ။ ပြောင်းလဲလွယ်တဲ့စိတ်ကြောင့် ရသင့်ရထိုက်တာတွေအနည်းငယ်ဆုံးရှုံးနိုင်ပါတယ်။ တစ်ခုခု လုပ်တော့မယ်ဆိုရင် အခြားသူတွေရဲ့စိတ်နေသဘောထားနဲ့အမူအကျင့်ကို အရင်လေ့လာပြီးမှလုပ်ပါ။
ကရကဋ်ရာသီဖွားများအတွက် (ဇွန် 21 - ဇူလိုင် 22)
ကံကောင်းခြင်းတွေက သင့်ဖက်မှာပါ။ အရာရာအဆင်ပြေနေလို့ တာဝန်ယူထားရတဲ့အလုပ်တွေအဆင်ပြေမယ်။ လူမျိုးခြားအကျိုးပေးမယ့်နေ့ပါ။
သိဟ်ရာသီဖွား (ဇူလိုင် 23- ဩဂုတ် 22)
အိမ်ခြံမြေကိစဖြေရှင်းရခက်ခဲနေတဲ့အရာတွေ အောင်မြင်ပါမယ်။ ဆုံးဖြတ်ချက်မှန်ကန်ဖို့တော့လိုပါလိမ့်မယ်။ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုလွန်ကဲနေတာကြောင့် လူတွေမျက်စိထဲမှာအချိုးမပြေဖြစ်နေတတ်ပါတယ်။
ကန်ရာသီဖွားများအတွက် (ဩဂုတ် 23 - စက်တင်ဘာ 22)
လုပ်ဖော်ကိုင်ဖက်တွေရဲ့အကြံပေးချက်ကြောင့် အဆင်ပြေပါလိမ့်မယ်။ ဒါပေမဲ့ အနေအထိုင်မတတ်မှုကြောင့် ပတ်ဝန်းကျင်မှာသိက္ခာကျရမယ့်နေ့ပါ။ တစ်ယောက်တည်းဆုံးဖြတ်ချက်မချပါနဲ့။ သူငယ်ချင်းအပေါင်းအသင်း၊ ဆရာသမားတွေနဲ့တိုင်ပင်ပြီးမှ ဆုံးဖြတ်ပါ။
တူရာသီဖွားများအတွက် (စက်တင်ဘာ 23- အောက်တိုဘာ 22)
ပုံမှန်လုပ်ရိုးလုပ်စဉ်ကိစ္စတွေနဲ့ဖြတ်သန်းသွားရမယ့်နေ့ပါ။ ဝန်ထမ်းဆိုရင် ရာထူးအခွင့်အလမ်းတိုးတက်ဖို့ရှိနေပြီး အထက်လူကြီးအမြင်ကြည်မယ့်နေ့ပါ။
ဗြိစ္ဆာရာသီဖွားများအတွက် (အောက်တိုဘာ 23 - နိုဝင်ဘာ 21)
သူများပြဿနာ ကိုယ့်ပြဿနာဖြစ်ပြီး အစအဆုံးလိုက်ဖြေရှင်းပေးရမယ့်နေ့ဖြစ်ပါတယ်။ ကိုယ့်ကိစ္စမဟုတ်ဘဲ ဝင်ပါတာမျိုးမလုပ်သင့်ပါဘူး။ ငွေကြေးကိစ္စအရှုပ်အရှင်းဖြစ်တတ်ပါတယ်။
ဓနုရာသီဖွားများအတွက် (နိုဝင်ဘာ 22-ဒီဇင်ဘာ 21)
ရာထူးတိုးကိန်းရှိပါတယ်။ မိသားစုအတွင်းအချိန်မပေးနိုင်လို့ နည်းနည်းပြဿနာတက်ရမယ့်အခြေအနေပါ။ အလုပ်လည်း အလုပ်၊ မိသားစုကိုလည်းအချိန်ပေးပေါ့နော်။ အဲဒါဆိုအဆင်ပြေသွားပါလိမ့်မယ်။
မကာရရာသီဖွားများအတွက် (ဒီဇင်ဘာ 22- ဇန်နဝါရီ 19)
စိတ်နဲ့ကိုယ်နဲ့မကပ်ဘဲဖြစ်နေမယ်၊ အလုပ်လုပ်ရင်လည်း တွေဝေမပြတ်သားမှုကြောင့် အခက်အခဲတွေနဲ့ကြုံမယ်၊ ဆုံးဖြတ်ချက်မလောပါနဲ့။ တစ်ခုခုကိုအရေးတကြီးလုပ်ရတော့မယ်ဆိုရင် ဒီနေ့တော့မလုပ်ပါနဲ့။ နောက်ရက်ရွှေ့ ပါ။
ကုံရာသီဖွားများအတွက် (ဇန်နဝါရီ 20 - ဖေဖော်ဝါရီ 18)
ပိုက်ဆံများများရမယ့်နေ့ပါ။ အကျိုးအမြတ်တစ်ခုကြီးကြီးကျယ်ကျယ်ရတော့မယ့်နေ့လည်းဖြစ်ပါတယ်။ အလုပ်ရှာ နေတဲ့သူတွေလည်း ကောင်းမွန်သင့်တော်တဲ့အလုပ်တစ်ခုရနိုင်ပါလိမ့်မယ်။ လုပ်မယ်လို့ဆုံးဖြတ်ပြီး သားအလုပ်တွေကို ဒီနေ့အကောင်အထည်ဖော်တာအကောင်းဆုံးပါပဲ။
မိန်ရာသီဖွားများအတွက် (ဖေဖော်ဝါရီ 19 - မတ် 20)
သာမန်နေ့တစ်နေ့ပါပဲ။ ထူးထူးခြားခြားခက်ခဲမှာမျိုးမရှိသလို ဆန်းဒေးဆိုတော့အနားယူလိုက်၊ သီချင်းနားထောင် လိုက်လုပ်နေတာပဲကောင်းပါတယ်။ မိသားစုနဲ့ပတ်သက်တဲ့ကိစ္စလေးတွေ များများအာရုံစိုက်ပြီး ဂရုစိုက်ပေးပါ။
Mercy Angel
Loading...