အသက်မပြည့်သေးသည့် ကျောင်းသားနှင့် ငြိစွန်းခဲ့သည့် ကျောင်းဆရာမကို ဖမ်းဆီးစစ်ဆေး

_________________________________________________________
အသက်မပြည့်သေးသည့် ကျောင်းသားနှင့် ငြိစွန်းခဲ့သည့် ကျောင်းဆရာမကို ဖမ်းဆီးစစ်ဆေး
အသက် ၁၄ နှစ်အရွယ်ကျောင်းသားနဲ့ ချစ်တင်းနှောခဲ့တယ်လို့ အစွပ်စွဲ ခံထားရတာ ဖြစ်ပါတယ်။
အသက်မပြည့်သေးတဲ့ ကျောင်းသားတစ်ဦးနဲ့ ငြိစွန်းခဲ့တဲ့ ဆိုတဲ့ စွပ်စွဲချက်နဲ့ ကျောင်းဆရာမတစ်ဦးကို ရဲတပ်ဖွဲ့က စစ်ဆေးလျှက်ရှိပါတယ်။ ကျောင်းသားရဲ့ မိခင်ဖြစ်သူက တိုင်ကြားခဲ့လို့ ကျောင်းဆရာမကို ရဲတပ်ဖွဲ့က ဖမ်းဆီးစစ်ဆေးနေတာ ဖြစ်ပါတယ်။ကျောင်းသားရဲ့ ထွက်ဆိုချက်အရ ကျောင်းဆရာမဟာ သူ့ကို အလုပ်စားခန်းထဲ ခေါ်ဆောင်ပြီး အဝတ်အစားတွေချွတ်ခဲ့တယ်လို့ သိရပါတယ်။


သူတို့နှစ်ဦးဟာ လူမှုကွန်ယက် အက်ပလီကေးရှင်း Snapchat ပေါ်မှာ အပြန်အလှန် စကားတွေ ပြောခဲ့ကြသေးတယ်လို့ ဆိုပါတယ်။ အသက် ၄၈ နှစ်အရွယ် ကျောင်းဆရာမက အသက် ၁၄ နှစ်အရွယ် ကျောင်းသားလေးကို "အချစ်လေး" လို့ မက်ဆေ့တွေထဲမှာ ခေါ်ခဲ့ကြောင်း သိရပါတယ်။အသက် မပြည့်သေးတဲ့ ကျောင်းသားနဲ့ ချစ်တင်းနှောခဲ့မိတာ အပြစ်ထင်ရှားတယ်ဆိုရင် အဆိုပါ ကျောင်းဆရာမကို နှစ် ၂၀ လောက်အထိ ထောင်ချလို့ရကြောင်း အမေရိကန်နိုင်ငံ၊ အိုကလာဟိုးမားပြည်နယ်မှာ ပြဌာန်းထားပါတယ်။
Source : Mirror
Duwun