Breaking News


မန္တလေးမှာတရားမဝင် အိမ်ငှားနေတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ရှစ်ဦးကိုအရေးယူ


Loading...

မန္တလေးမြို့ ပြည်ကြီးတံခွန်ရပ်ကွက်၊ ဇော်ဂျီလမ်းနဲ့ ကုသိုလ်တော်လမ်းကြား ၆၈ × ၆၉ လမ်းကြား အိမ်နံပါတ် ၆၀ (ခ) မှာနေထိုင်နေပြီး လ၀ကကို အကြောင်းကြားတာမရှိသလို သတ်မှတ်ထားတဲ့အတိုင်း ဟိုတယ်မှာမတည်းတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ရှစ်ဦးကို လူဝင်မှုကြီးကြပ်ရေးဥပဒေနဲ့ အရေးယူထားတယ်လို့ သိရပါတယ်။
တယ်လီနောကုမ္ပဏီရဲ့ လုပ်ငန်းခွဲ စက်တပ်ဆင်ရေးအတွက် ရောက်ရှိနေသူတွေဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ရှစ်ဦးထဲမှာလေးဦးက ပတ်စ်ပို့ ဗီဇာရက်လွန်နေပြီး ကျန်လေးဦးကတော့ သက်တမ်းကျန်နေသေးတယ်လို့ ပြည်ကြီးတံခွန်မြို့နယ် ရဲတပ်ဖွဲ့မှူး ဒု-ရဲမှူးဇော်အောင်က ပြောပါတယ်။
သက်ဆိုင်ရာ လဝကကို အကြောင်းမကြားဘဲ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေကို အိမ်ငှားပေးခဲ့တဲ့ တယ်လီနောကုမ္ပဏီကဝန်ထမ်း ကိုသော်တာစိုးကိုလည်း လူဝင်မှုကြီးကြပ်ရေးဥပဒေ ပုဒ်မ ၅၁ နဲ့ အရေးယူတရားစွဲဆိုထားတယ်လို့ သိရပါတယ်။
Source & Photo : DVB
Loading...