Breaking News


သင်္ကန်းကျွန်းမြို့နယ်က လမ်းတစ်လမ်းပေါ်မှာ ကလေးအလောင်းတွေ့

Loading...


သင်္ဃန်းကျွန်းမြို့နယ် လေးထောင့်ကန်ရပ်ကွက်က လမ်းတစ်လမ်းမှာ မွေးကင်းစ ကလေးအလောင်းကို တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။  ရန်ကင်းလမ်းဘေးမှာ ကြွပ်ကြွပ်အိတ်အဖြူထဲထည့်ကာ လာရောက်စွန့်ပစ်ထားတာဖြစ်ပြီး ကားတက်ကြိတ်ထားတာကြောင့် ဦးခေါင်းမရှိတော့ဘူးလို့ ရပ်ကွက်နေထိုင်သူတစ်ဦးက ပြောထားပါတယ်။
ကြွပ်ကြွပ်အိတ်ကို ခွေးတစ်ကောင်က ကိုက်ချီလာရာက ရပ်ကွက်နေပြည်သူတွေ သိခဲ့တာဖြစ်ပြီး  ကလေးဟာ ယောကျာ်းလေးဖြစ်ကာ မွေးပြီးပြီးချင်း စွန့်ပစ်ခံရတာ ဖြစ်ပါတယ်။ ကလေးအလောင်းကို စံပြဆေးရုံပို့ထားပြီး အစကတည်းက အသက်ရှိလား၊ မရှိလားဆိုတာကို မသိရဘဲ သူတို့ရောက်တဲ့အချိန်မှာတော့ အလောင်းကိုပဲ တွေ့ခဲ့တာဖြစ်တယ်လို့ သင်္ဃန်းကျွန်းမြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောထားကြောင်း 7Day Daily ရဲ့ သတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။
လက်ရှိမှာ အလောင်းစွန့်ပစ်ခဲ့သူကို ပုဒ်မ ၃၁၈ နဲ့ အမှုဖွင့်ထားပါတယ်။
Photos & Source: 7Day Daily
Loading...