Breaking News

လူမြင်ကွင်းနေရာတွေမှာ တစ်ကိုယ်ရည်အာသာဖြေသူ ထောင်ဒဏ်တစ်သက်ချမှတ်ခံရ


Loading...


အမေရိကန်ပြည်ထောင်စု အော်ရီဂွန်ပြည်နယ်ထဲက လူမြင်ကွင်းနေရာတွေမှာ တစ်ကိုယ်ရည်အာသာဖြေခဲ့တဲ့ အမျိုးသားတစ်ဦးက ထောင်ဒဏ်တစ်သက်တစ်ကျွန်း ကျခံစေဖို့ တရားရုံးက အမိန့်ချမှတ်လိုက်ပါတယ်။အသက် ၃၉ နှစ်ရှိ ဒန်းနစ် ဂျိမ်းစ် ဒေးဗစ်ဆင် ဆိုသူဟာ အော်ရီဂွန်ပြည်နယ်ရဲ့ ဥပဒေကို အကြိမ်ကြိမ်ချိုးဖောက်ခဲ့တာလည်း ဖြစ်ပါတယ်။ 



၂၀၁၁ ခုနှစ်တုန်းကလည်း ပန်းခြံထဲက အမျိုးသမီးနဲ့ကလေးတွေရှေ့မှာ ဒီလိုမဖွယ်မရာလုပ်ရပ်ကို ပြုလုပ်ခဲ့လို့ အဖမ်းခံခဲ့ရပါသေးတယ်။ သူကတော့ လူမြင်ကွင်းမှာ ဒီလိုလုပ်ပြရင် သူ့ကို အမျိုးသမီးတွေ ကြွေသွားလိမ့်မယ် ဆိုတဲ့အထင်နဲ့ လုပ်ခဲ့မိကြောင်း ထွက်ဆိုပါတယ်။
ခုလိုမျိုး လုပ်ရပ်တွေ အကြိမ်ကြိမ်လုပ်ခဲ့တဲ့ ဒေးဗစ်ဆင်ကို အော်ရီဂွန်ပြည်နယ် တရားရုံးချုပ်က ထောင်ဒဏ်တစ်သက်တစ်ကျွန်း ချမှတ်ခဲ့ပြီး အယူခံဝင်ခွင့်ကိုပါ ပိတ်ပင်ခဲ့တယ်လို့ သတင်းရရှိပါတယ်။
Source : Daily Mail
Duwun
Loading...