Breaking News

ငါးအိမ်တန်းကျေးရွာ ရေလဲလမ်းနံဘေး ချောင်းအတွင်းသို့ မိသားစုမော်တော်ယာဉ်တစီးထိုးကျ နစ်မြုပ်ပြီး (၅)ဦးသေဆုံး


Loading...





   ဧရာဝတီတိုင်းဒေသကြီး ၊ မအူပင်ခရိုင် ၊ မအူပင်မြို့နယ် စွန်သိုက်ကျေးရွာအုပ်စု ငါးအိမ်တန်းကျေးရွာ ရေလဲလမ်းဘေးရှိ ချောင်းအတွင်းသို့ ယနေ့ ၀၈/၀၉/၂၀၁၆ နေ့မွန်းလွဲ ၃.၄၅အချိန်ခန့်တွင် မိသားစု(၇)ဦး လိုက်ပါစီးနင်းလာသော အိမ်စီးမော်တော်ယာဉ်တစ်စီးထိုးကျ နစ်မြုပ်သဖြင့် ကျေးရွာနေပြည်သူတို့၏ အကူအညီဖြင့် ခက်ခက်ခဲခဲ ဆယ်ယူခဲ့ရာတွင် ကားအတွင်း ရေနစ်မွန်းခဲ့သဖြင့်
 အသက်(၁၃)နှစ်ခန့်ရှိ မိန်းကလေးတစ်ဦး အပါအဝင် အမျိုးသမီး(၅)ဦးသေဆုံးကာ
အသက်မသေဘဲ ကျန်ရှိသော အမျိုးသား (၂)ဦးကို ကရုဏာယာဉ်များဖြင့် မအူပင်ဆေးရုံသို့ ပို့ဆောင်ပေးကြကြောင်း သိရသည် ။

ယခုအချိန်ထိ နစ်မြုပ်ကိုယ်ပိုင်မော်ယာဉ်အား ပြန်လည်မဆယ်ယူနိုင်သေးဘဲ
"၎င်း မော်တော်ယာဉ်သည် လပွတ္တာခရိုင် ၊ မော်လမြိုင်ကျွန်းမြို့နယ်ရှိ ဘုန်းကြီးပျံမှ ပြန်လာကြပြီး ရေလဲလမ်းအတိုင်း မအူပင်ဘက်သို့ မောင်းနှင်လာစဉ်  ရုတ်တရက် ဝဲဘက်လမ်းဘေးသို့ ချောင်းထဲထိုးကျသွားခြင်း ဖြစ်သည်ဟု သိရကြောင်း ကျေးရွာနေ ဒေသခံတစ်ဦးက ပြောသည် ။
   ၎င်းမိသားစု မော်တော်ယာဉ်သည် ရန်ကုန်မြို့ရှိ ဆန် ၊ စပါးလုပ်ငန်းရှင်များအသင်းမှ ဖြစ်ကြောင်းလည်း သိရသည် ။

Kaung Myat  >>• Lwin Oo
#MyMedia
Loading...