“အရက်ခွက် လုသောက်ရာမှ ဓါးထိုးမှုဖြစ်၍ လူသတ်မှု ဖြစ်ပွား”

_________________________________________________________

အရက် အတူသောက်နေစဉ် အရက်ခွက် လုသောက်ရာမှ ရန်ဖြစ်ကာ ဓားထိုးမူဖြင့် အမျိုးသား တစ်ဦး သေဆုံးမူဖြစ်ပွားကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ မှူးရုံးမှ သိရသည်။
ဖြစ်စဉ်မှာ သြဂုတ်လ ၃၁ ရက်နေ့ ညနေ ၆ နာရီခန့်က ကြည့်မြင်တိုင်မြို့နယ် ၊ အောက်ရုံရပ်ကွက် ၊တံတားထိပ် အရက်ဆိုင်ဘေးတွင် ဦးဇော်ဇော်လင်း အသောက်နေစဉ် ဦးစန်းဦးမှ အရက်ခွက်အား လုသောက်ပြီး မချေမငံပြောဖြင့် ဦးဇော်ဇော်လင်း မှ ဓားဖြင့် ထိုးခြင်းဖြစ် သည်။
အထိုးခံသူ ဦးစန်းဦးတွင် ရင်အုံဝဲဘတ်တွင် ထိုးသွင်းဒဏ်ရာ ၁ ချက် ရရှိကာ သေဆုံးသွားကြောင်း သိရသည်။ ဦးဇော်ဇော်လင်း သည် အသက် ၂၂ နှစ် ကြည့်မြင်တိုင်မြို့နယ် ဦးဥတ္တမလမ်း၊ အလတ်ချောင်း ရပ်ကွက်တွင် ကျပန်း အလုပ် လုပ်ကိုင်ကာ နေထိုင်သူဖြစ်ကြောင်း ရန်ကုန် တိုင်းရဲတပ်ဖွဲ့ မှူးရုံးမှ သိရသည်။
အဆိုပါ ဖြစ်စဉ်နှင့် ပတ်သတ်ပြီး ကြည့်မြင်တိုင် မြို့နယ် ရွေဝါမြေလမ်း ၊အောက်ရပ်ကွက်တွင် နေထိုင်သော သေဆုံးသူ၏ ဇနီးဖြစ်သူမှ တရားလိုပြုလုပ် တိုင်တန်းသဖြင့် ကြည့်မြင်တိုင် မြို့မ ရဲစခန်းမှ (ပ) ၂၁၂/၂၀၁၆၊ ရာဇသတ်ကြီး ပုဒ်မ ၃၀၂ ဖြင့် အမူဖွင့် စစ်ဆေးလျက် ရှိသည်။
popularmyanmar
Loading...