Breaking News

အုပ်ချုပ်ရေးမှူးရုံးများတွင် သမ္မတပုံချိတ်ဆွဲရန် အုပ်ချုပ်ရေးမှူးများ လစာငွေ အဖြတ်ခံရ


Loading...
 နိုင်ငံတော်သမ္မတ ဦးထင်ကျော်ဓာတ်ပုံ ရပ်ကျေးအုပ်ချုပ်ရေးမှူးရုံးများတွင် ချိတ်ဆွဲရန်ဟုဆိုကာ တောင်ကြီးမြို့နယ် ရှိ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ၏ လစာငွေ ကျပ်တစ်သောင်းခွဲဖြတ် တောက်ခံရကြောင်း သတင်းရရှိ သည်။
တောင်ကြီး မြို့နယ်ရှိ ရပ် ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများ ၏ သြဂုတ် လစာငွေထဲမှ ကျပ် တစ်သောင်းခွဲကို တောင်ကြီးမြို့ နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက လစာငွေပေးစဉ် ဖြတ် တောက်ထားခြင်း  ဖြစ်သည်ဟု တောင်ကြီးမြို့နယ်ရှိ ရပ်ကွက်အုပ် ချုပ်ရေးမှူး အချို့က ပြောကြားသည်။‘‘လစာငွေရတာမှ ကျပ်ခုနစ် သောင်းတည်းပါ။ ဒါကိုမြို့နယ် စာ ရေးမတွေက နိုင်ငံတော်သမ္မတပုံကို ရပ်ကျေးရုံးတွေမှာ ချိတ်ရမယ်။ အဲဒီအတွက်လည်း သူတို့သတ်မှတ်ပေးပြီးမှာ ပေးတဲ့ပုံကိုပဲ ချိတ်ရမယ်ဆိုပြီးတော့ ကျပ်တစ်သောင်းခွဲ ဖြတ်တောက်ခံခဲ့ရတာ ပါ။ သတ်သတ်မှတ်မှတ် ခေါင်းစဉ်ရှာပြီး လုပ်နေတာ လတိုင်းပါပဲ’’ဟု တောင်ကြီးမြို့ရှိ ရပ်ကျေးအုပ်ချုပ် ရေးမှူးတစ်ဦးက ပြောသည်။
လစဉ်လတိုင်း ခေါင်းစဉ်အမျိုးမျိုးရှာဖွေပြီး ရရှိသည့် လစာ ငွေကို ဖြတ်တောက်ခံရလေ့ရှိကာ အများစုမှာ ပြန်လည်ပြောဆိုနိုင် ခွင့်မရှိဟုလည်း တောင်ကြီးမြို့ နယ်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူး အချို့က ပြောသည်။
တောင်ကြီးမြို့နယ်အတွင်း   ရပ်ကွက်၊ ကျေးရွာအုပ်စု ၇၅ ခုရှိ ပြီး ရပ်ကျေးအုပ်ချုပ်ရေးမှူး ၇၅ ဦးက ငွေကျပ်တစ်သောင်းခွဲဖြတ် တောက်ခံရခြင်း ဖြစ်သည်။
နိုင်ငံတော် သမ္မတ ဦးထင် ကျော်၏ ဓာတ်ပုံဝယ်ယူရန် ကျပ်တစ်သောင်းခွဲဖြတ်တောက်သည့် ကိစ္စနှင့်ပတ်သက်၍ တောင်ကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံး သို့ သွားရောက်မေးမြန်းသော် လည်း အစည်းအဝေးရှိနေသည်ဟု ဆိုကာ ပြန်လည်ဖြေကြားပေးခြင်း မရှိပေ။
ရပ်ကျေးအုပ်ချုပ်ရေးမှူးများသည် လစာငွေကျပ်ခုနစ်သောင်းနှင့် ရုံးအသုံးစရိတ် ကျပ်ငါးသောင်းစုစုပေါင်း တစ်သိန်းနှစ်သောင်းကျပ်ကို နိုင်ငံတော်က ချီးမြှင့်ထားခြင်း ဖြစ်သည်။
7daydaily
Loading...