Breaking News


မင်းတုန်းမင်းအားရည်စူးဆွမ်းကပ်ပွဲကို မန္တလေးနန်းတော်တွင် နှစ်တစ်ရာကျော်အတွင်း ပထမဆုံးပြုလုပ်ခွင့်ရရှိ

Loading...
မင်းတုန်းမင်းအား ရည် စူး၍ ကပ်လှူမည့် မတကဘတ္တ ဆွမ်း (ခေါ်) သေသူကိုရည်စူးပြီး ကပ်သော ဆွမ်းကပ်ပွဲကို နှစ် ပေါင်းတစ်ရာကျော်အတွင်း မန္တ လေးနန်းတွင်း မြနန်းစံကျော်ရွှေ နန်းတော်ကြီး၌ ပထမအကြိမ် ကျင်းပပြုလုပ်မည် ဖြစ်ကြောင်း သတင်းရရှိသည်။
မတကဘတ္တ ဆွမ်းကို သီပေါ မင်းပါတော်မူပြီးနောက် ၁၈၈၆ ခုနှစ်ကစ၍    နန်းတော်အတွင်း ကျင်းပပြုလုပ်ခွင့်မရရှိဘဲ ကျန်ရှိ ခဲ့သည့်အနွယ်တော်များက ဘုန်း တော်ကြီးကျောင်းများ၊ ဘုရားများ တွင်သာ ကပ်လှူခဲ့ရာမှ မင်းတုန်း မင်း၏ နတ်ရွာစံသက် (၁၃၈) နှစ် မြောက် (လာမည့် အောက်တိုဘာ ၇ ရက်)တွင် ပြန်လည်ပြုလုပ်ခွင့် ရရှိကြောင်း သီပေါမင်း၏ မြစ် တော်စပ်သူ ဦးစိုးဝင်းက ပြော သည်။
‘‘ပါတော်မူပြီးနောက်ပိုင်းမှာ ကျင်းပခွင့်မရခဲ့တာ။ ဒီနှစ်မှာတော့တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ ခွင့် ပြုချက်နဲ့ နန်းတော်ထဲမှာပြုလုပ် ခွင့်ရရှိတာ ဖြစ်ပါတယ်။ ဆွမ်း ကပ်ပွဲနဲ့အတူ သက်ကြီးအနွယ် တော်ကိုလည်း ပူဇော်ကန်တော့ သွားမှာ ဖြစ်ပါတယ်’’ဟု ဦးစိုးဝင်း က ပြောသည်။
အဆိုပါဆွမ်းကပ်ပွဲတွင် သက်တော်(၇၀) နှစ်နှင့်အထက် ဆွေတော်မျိုးတော်များအား ပူဇော်ကန်တော့ပွဲကိုလည်း ကုန်း ဘောင်ဆက်မောင်နှမများက ဦး ဆောင်၍ ပြုလုပ်သွားမည်ဟု ဆို သည်။
‘‘မနှစ်ကတော့ နန်းတွင်းထဲ မှာပဲ ဆွမ်းကပ်ခွင့်ရတယ်။ ရွေး ကောက်ပွဲလည်းရှိနေတဲ့အတွက် နိုင်ငံရေးကလည်း မတည်ငြိမ်တဲ့ အတွက် နန်းတော်ထဲမှာ ရရှိဖို့ မကြိုးပမ်းခဲ့ကြဘူး။ ဒီနှစ်မှာတော့ မန္တလေးတိုင်းဝန်ကြီးချုပ်ကိုယ် တိုင်လည်း လိုလိုလားလားနဲ့ ခွင့် ပြုခဲ့တယ်’’ဟု မင်းတုန်းမင်း၏ တီ တော်စပ်သူ ဦးထိပ်တင်အောင်က ပြောသည်။
အောက်တိုဘာ ၇ ရက်တွင် ပြုလုပ်မည့် မတကဘတ္တဆွမ်း ကပ်ပွဲ၌ မင်းတုန်းမင်း၊ သီပေါ မင်းနှင့် ကနောင်မင်းသားကြီးတို့ ၏ ဆွေတော်မျိုးတော် ၂၀၀ ကျော် ပါဝင်မည်ဖြစ်ပြီး ကန်တော့ခံဆွေ တော်မျိုးတော် ၇၀ ကျော်ရှိ ကြောင်း ဦးထိပ်တင်အောင်က ပြောသည်။
မင်းတုန်းမင်း၏ ဆွေတော် မျိုးတော်ထဲတွင် ပြီးခဲ့သည့်နှစ် ကန်တော့ခံပွဲသို့ တက်ရောက်ခဲ့ပြီးသက်ရှိထင်ရှားရှိနေသေးသောအသက်ကြီးဆုံးပုဂ္ဂိုလ်မှာ မြင်စိုင်းအိမ်တော်မှ အသက် (၁၀၁) နှစ်ရှိမင်းတုန်းမင်း၏ မြစ်တော်စပ်သူ ဒေါ်အေးခင်ဖြစ်ကြောင်း ဦးထိပ်တင်အောင်က ပြောသည်။
7daydaily
Loading...