Breaking News

စီအိုင်ဒီနဲ့ ရဲတပ်ဖွဲ့ဆီကနေ သေနတ်နဲ့ ကျည်ဆန်တွေလုယူမှုဖြစ်


Loading...

တရားခံပြေးတွေလိုက်လံဖမ်းဆီးတဲ့ စီအိုင်ဒီနဲ့ သတင်းရဲတပ်ဖွဲ့ဝင်တွေကို တရားခံက ပြန်လည်တိုက်ခိုက်ပြီး သေနတ်နဲ့ ကျည်ဆန်တွေ လုယူသွားတဲ့ဖြစ်စဉ်တစ်ခုမိုးညှင်းမြို့နယ်မှာ ဖြစ်ပွားခဲ့တယ်လို့ ကချင်ပြည်နယ်ရဲတပ်ဖွဲ့ကနေ သိရပါတယ်။
စက်တင်ဘာလ ၁၉ ရက်နေ့ မနက်ပိုင်းက မိုးညှင်းမြို့နယ် မိုင်းနောင်ကျေးရွာထဲက အိမ်တစ်အိမ်ကို မှုခင်းရဲတပ်ဖွဲ့ (စီအိုင်ဒီ)မှ ရဲမှူးတစ်ဦး၊ သတင်းရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်သုံးဦးနဲ့ ဒေသခံရွာသားခြောက်ဦးတို့က တရားခံပြေးနဲ့ မူးယစ်ဆေး ဝင်ရောက်ဖမ်းဆီးတုန်း ပြန်လည် တိုက်ခိုက်ခံရပြီး သေနတ်တစ်လက်နဲ့ ကျည်ဆံတွေ အလုခံရတာပါ။
‘‘ခြောက်လုံးပြူးတစ်လက်နဲ့ ကျည် ၁၈ တောင့် လုသွားတာ။ ရဲမှူးလည်း ခေါင်းကို ဓားနဲ့အခုတ်ခံရတယ်။ ဆေးရုံမှာ ကုနေရတယ်’’လို့ ဒေသခံရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
တရားခံပြေးကို ဖမ်းမိပြီးနောက် စီအိုင်ဒီရဲမှူးက တရားခံရဲ့လက်နဲ့ လက်ကို ပူးတွဲလက်ထိတ်ခတ်ထားတုန်းမှာ တရားခံဘက်က  အခြားသူတွေက ဝင် ရောက်တိုက်ခိုက်တာကြောင့် ရဲမှူးက ထွက်ပြေး၍မရခဲ့လို့ ဒဏ်ရာပိုပြင်းခဲ့ပြီး ဒီအမှုမှာ ပြစ်မှုကျူး လွန်သူ ၁၉ ဦးရှိတယ်လို့ သိရပါတယ်။
Source : 7DayDaily
Loading...