Breaking News


အကယ်ဒမီ မေသန်းနုအား ရဲစခန်းတွင် အမှုဖွင့်တိုင်ကြားသူ အမျိုးသမီးကို ပြန်လည် တရားစွဲမည်


Loading...



ရန်ကင်း ရဲစခန်းတွင် ငွေ ကြေးလိမ်လည်သည်ဟုအမှုဖွင့် တိုင်ကြားထားသည့် အမျိုးသမီးကို အကယ် ဒမီ မေသန်းနုက ပန်လည်တရားစွဲ 
ဆိုရန်စီစဉ်နေပြီဟု သိရသည်။
”ပထမ အမှုကိစ္စကို မဆင့် က ပြန်စွဲမှာပါ။ အစကတော့ မ လုပ်တော့ဘူးဆိုပေမယ့် အခုလုပ် ဖို့ ဆုံးဖြတ်လိုက်ပြီ” ဟု ဒေါ်မေသန်းနု က ပြောသည်။
ပထမအမှုကို လွန်ခဲ့သည့် ဇူလိုင်လတွင် တရားစွဲခံရပြီး ခိုင် လုံမှုမရှိသည့်
အတွက် ဒေါ်မေ သန်းနုဘက်က အနိုင်ရရှိခဲ့သည်။
”အခု ဒုတိယအကြိမ် လုပ် တာ။ ဒီကိစ္စကို ရဲစခန်းကတော့ ကိုယ့်ကိုအကြောင်း မကြားရသေး ဘူး။ ဒါပေမယ့် ဘာဖြစ်လို့ အ ပြင် ကို ပေါက်ကြားရတာလဲ။ ဒီ အမှုကို တိုင်းတရားရုံးက ကိုင် တယ်လို့ သိရတယ်”ဟု ဒေါ်မေသန်းနုက ပြောသည်။
အဆိုပါ ကန်ထရိုက်နှင့် စာ ချုပ် ချုပ်ဆိုသည့် အထောက်အ ထားများရှိပြီး ၄င်းက အဆိုပါကန် ထရိုက်ကို ကြိုပွိုင့်စနစ်ဖြင့် အ ခန်း ၂ ခန်း ကြိုတင်ရောင်းချထား
ပြီး စည်ပင်တွင် အချိန်ကာလ ကြန့်ကြာသည့်အတွက် အနု ပညာအလုပ်ကိစ
္စနှင့် မအားလပ် သည့်အတွက်ေ ကြာင့် အခြားမိတ် ဆွေတစ်ဦးကို မြေရှင်
သဘောတူ ညီမှုနှင့်အတူ ကန်ထရိုက် လုပ် ပိုင်ခွင့်နှင့် ပတ်သက်ပြီး အပြီး
လွှဲပေးခဲ့သည်ဟု သိရသည်။
”ဒီတိုင်း လွှဲပေးတာမဟုတ် ဘူး။ ကြိုရောင်းထားတဲ့လူတွေကို ပါအပြီးလွှဲပေးတာ။ သူကဘာလို့ ပါမလာလဲဆိုတော့ သူနဲ့ မဆိုင် လို့ ပါမလာတာပေါ့။
ဒါမဆင့်ကို တမင်သက်သက် အရှက်ရသိက္ခာ ချတာပဲ။ သိန်းလေးရာကို
အလွဲ သုံးစားလုပ်စရာအကြောင်းလည်း မရှိဘူး။ မေသန်းနုဆိုတဲ့ နာမည် ကို
လွယ်လွယ်နဲ့ ရခဲ့တာမဟုတ် ဘူး။ နှစ်ပေါင်း ၃၅ နှစ်လောက် ရင်းနှီးခဲ့ရတယ်” ဟု ဒေါ်မေသန်း နုက ဆိုသည်။
Popular Journal

Loading...