Breaking News


ကွင်းထဲအတင်းပြေးဝင်ပြီး ဘောလုံးသမားတွေကို လိုက်ဖက်တဲ့ ဘရာဇီးတင်ပါးအလှမယ်


Loading...







ဘရာဇီးက နာမည်ကျော်တင်ပါးအလှမယ် ပြိုင်ပွဲတစ်ဦးဟာ ပြည်တွင်းဘောလုံးပွဲတစ်ပွဲ လာရောက်အားပေးစဉ်မှာ ကွင်းထဲအတင်းပြေးဝင်ပြီး ကစာသမားတွေကို လိုက်လံ ပွေ့ဖက်ခဲ့ကြောင်း သိရပါတယ်။

ဆန်တာကာတာရီးယားလို့ အမည်ရတဲ့သူမဟာ စက်တင်ဘာ ၁၂ ရက်နေ့က ဂရီမီယိုအသင်းနဲ့ ပါလ်မီးယက်စ်အသင်းတို့ ကစားခဲ့ကြတဲ့ ပွဲစဉ်ကို လာရောက်အားပေးခဲ့သူဖြစ်ပါတယ်။ ပွဲကစားနေစဉ် အချိန်အတွင်း လုံခြုံရေးတာဝန်ရှိသူတွေ တားဆီးနေတဲ့ကြားက အတင်းကျော်ဖြတ်ကာ ကွင်းအတွင်း ဝင်ရောက်သွားခဲ့တာဖြစ်ပါတယ်။ဘောင်းဘီကိုယ်ကျပ်နဲ့ ဘရာစီယာကိုသာ ဝတ်ဆင်ထားတဲ့ သူမကွင်းထဲ အတင်းပြေးဝင်လာတာကြောင့် ကစားသမားတွေ ခေတ္တအံ့အားသင့်သွားခဲ့ရပါတယ်။



အဲဒီနောက်သူမကို တာဝန်ရှိသူတွေက ကွင်းထဲက ပြနလည်ခေါ်ထုတ်သွားတော့မှသာ ပွဲကို ပြန်ကျင်းပနိုင်ခဲ့ပါတယ်။ အဲဒီနေ့က ဘောလုံးပွဲစဉ်ဟာ ဂိုးမရှိသရေနဲ့သာ ပြီးဆုံးသွားခဲ့ရပါတယ်။

Duwun
Loading...