Breaking News


ကမ္ဘာ့ပထမဦးဆုံး မျက်နှာအစားထိုးခွဲစိတ်မှုကို ခံယူခဲ့သည့် လူနာ သေဆုံးသွား


Loading...


ကမ္ဘာ့ပထမဦးဆုံး မျက်နှာအစားထိုးခွဲစိတ်မှုကို ခံယူခဲ့တဲ့လူနာဟာ ခွဲစိတ်မှုအပြီး ၁၁ နှစ်အကြာမှာ ကွယ်လွန်သွားပါပြီ။အစားထိုးထည့်ထားတဲ့မျက်နှာကို ခန္ဓာကိုယ်က လက်မခံဘဲ တွန်းလှန်တာကြောင့်ပြင်သစ်သူ အစ္စဘယ်ဒိုင်နိုရီဟာ ဆေးတွေ သောက်ခဲ့ရပါတယ်။အဲဒီဆေးတွေ သောက်တာ နှစ်နဲ့ချီကြာလာအပြီးမှာတော့ သူဟာကင်ဆာနှစ်မျိုးဖြစ်ပြီး ကင်ဆာကြောင့်ပဲ ကွယ်လွန်သွားတာပါ။အကြာကြီး ဖျားနာအပြီးမှာတော့ သူဟာ ဧပြီလမှာ ကွယ်လွန်သွားခဲ့တယ်လို့ အေမီယန်စ်တက္ကသိုလ်ဆေးရုံက ဆရာဝန်တွေကအတည်ပြုလိုက်တာပါ။ ကျန်ရစ်သူမိသားစု အေးအေးချမ်းချမ်းနေလို့ရအောင်ဆိုပြီး ဒီကိစ္စနဲ့ပတ်သက်လို့ နှုတ်ဆိတ်နေခဲ့တာလို့ဆရာဝန်တွေက ဆိုပါတယ်။ မစ္စ ဒိုင်နိုရီ မွေးထားတဲ့ ခွေးလေးက၂၀ဝ၅ ခုနှစ် မေလမှာ
သူ့မျက်နှာကို စုတ်ပြတ်သတ်ထွက်သွားအောင် ကိုက်ပစ်လိုက်တာဖြစ်ပါတယ်။ ဒါကြောင့် ဆရာဝန်တွေက သူ့ကို နှာခေါင်း၊မေးစေ့နဲ့ နှုတ်ခမ်းတွေ အစားထိုးပေးလိုက်ပါတော့တယ်။အစားထိုးထည့်လိုက်တဲ့ မျက်နှာအစိတ်အပိုင်းတွေကို သူ့ခန္ဓာကိုယ်ကပြီးခဲ့တဲ့နှစ်က စပြီးတွန်းလှန်လာတာလို့ ပြင်သစ်သတင်းစာတစ်ခုမှာ
ဖော်ပြထားပါတယ်။ တွန်းလှန်တာကို ဖိနှိမ်တဲ့ ဆေး သောက်ရပြီးအဲဒီဆေး သောက်ရင် ကင်ဆာဖြစ်နိုင်ခြေ များပါတယ်။
(Sky, 8.9.16) ချယ်ရီ
pyimyanmarnews
Loading...