Breaking News

မင်္ဂလာဆောင် အမှတ်တရဓာတ်ပုံထဲ တစ္ဆေပုံပါဝင်နေလို့ အထိတ်တလန့် ဖြစ်ခဲ့ရ


Loading...


ညီအစ်မဖြစ်သူရဲ့ မင်္ဂလာဆောင်မှာ အမှတ်တရ ဓာတ်ပုံရိုက်ခဲ့တဲ့ အမျိုးသမီးတစ်ဦးဟာ ဓာတ်ပုံကို ပြန်ကြည့်လိုက်တဲ့အချိန်မှာ ထိတ်လန့်သွားခဲ့ကြရပါတယ်။

အကြောင်းကတော့ သူတို့ရိုက်ခဲ့တဲ့ အမှတ်တရဓာတ်ပုံအနောက်မှာ တစ္ဆေသရဲလိုလို မကောင်းဆိုးရွားရုပ်ပုံတစ်ခု ပါရှိနေခဲ့လို့ ဖြစ်ပါတယ်။ အသက် ၂၅ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဂျက်စီကာစမစ်သ်ဟာ မင်္ဂလာမောင်နှံနဲ့အတူ သူ့ရဲ့ချစ်သူကိုပါ ခေါ်ပြီး ပြတင်းပေါက်နားမှာ ဆယ်လ်ဖီရိုက်ခဲ့ကြတာပါ။ မင်္ဂလာပွဲကို ဝစ်လ်ရှိုင်းယားပြည်နယ် ဒေဗီဇက်ဒေသက ဟိုတယ်တစ်ခုမှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။


ဓာတ်ပုံရိုက်ခဲ့သူ လေးဦးလုံး ဒါကိုသတိမထားမိခဲ့ပေမယ့် နောက်တစ်နေ့မှာ သူတို့ရဲ့အစ်မကြီးဖြစ်သူက ဓာတ်ပုံအနောက်က ဒီကြောက်လန့်စရာအဖြစ်ကိုတွေ့ခဲ့တာပါ။ ပြတင်းပေါက်နားမှာ ကြောက်လန့်ဖွယ် မျက်လုံးတွေနဲ့ မျက်နှာတစ်ခုဟာ ကင်မရာကို ကြည့်နေတာ ဖြစ်ပါတယ်။
ဝက်ဝံဟိုတယ်လို့ နာမည်ပေးထားတဲ့ အဲဒီဟိုတယ်ဟာ နှစ်အတော်ကြာမြင့်နေပြီဖြစ်ပြီး အရင်အဲဒီမှာနေဖူးတဲ့ ဘုရင်မရှားလော့ရဲ့ ဝိညာဉ်ဟာ အခုထိတိုင် ရှိသေးတယ်လို့ အချို့က ယုံကြည်ကြပါတယ်။
Source  : The Sun   
Duwun
Loading...