Breaking News

ဆေးအိတ်အတွင်း အဆိပ်ထိုးသွင်း သတ်ဖြတ်တဲ့ လူသတ်သမားကို ရှာဖွေနေ


Loading...

ဂျပန်နိုင်ငံ ယိုကိုဟားမားမြို့ ဆေးရုံတစ်ရုံမှာ လူနာရဲ့သွေးကြောမှတစ်ဆင့် သွင်းပေးရတဲ့ ဆေးအိတ်များအတွင်း အဆိပ်ထိုးသွင်းကာ သတ်ဖြတ်ခဲ့တဲ့ လူသတ်သမားကို ရဲတပ်ဖွဲ့က လိုက်လံရှာဖွေနေပါတယ်။
အိုဂူချီဆေးရုံမှာ သက်ကြီးရွယ်အို အမျိုးသားနှစ်ဦး အဆိပ်သင့် သေဆုံးခဲ့ကြောင်း စစ်ဆေးတွေ့ရှိခဲ့ပြီးနောက် လူသတ်သမားကို ရဲတပ်ဖွဲ့က စုံစမ်းရှာဖွေနေကြောင်း ဂျပန်သတင်းဌာနများက ဖော်ပြပါတယ်။
သေဆုံးခဲ့တဲ့ သက်ကြီးရွယ်အိုနှစ်ဦးကို ဓာတ်ခွဲခန်းစစ်ဆေးမှုအရ သွေးကြောမှတစ်ဆင့်သွင်းနေတဲ့ ပိုးသတ်ဆေးအတွင်း ပါဝင်နေခဲ့တဲ့ အဆိပ်သင့် ဓာတုပစ္စည်းတစ်မျိုးကြောင့် သေဆုံးခဲ့ကြောင်း သိရှိခဲ့ရပါတယ်။ အဆိုပါ ဓာတုပစ္စည်းကို လူနာရဲ့သွေးကြောအတွင်း သွင်းပေးနေတဲ့ ဆေးအိတ်ထဲကို ထိုးသွင်းခဲ့တာလို့ ဆိုပါတယ်။
play
အိုဂူချီဆေးရုံ အပြင်ဘက်မြင်ကွင်း

အားလပ်ရက် သုံးရက်ဖြစ်ခဲ့တဲ့ ကာလအတွင်း ဆေးရုံမှာ ဝန်ထမ်းဦးရေ နည်းပါးနေစဉ် ထိုသို့ ပြုလုပ်ခဲ့ဖွယ်ရှိကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။
ဂျပန်နိုင်ငံမြောက်ပိုင်း ဆန်ဒိုင်းမြို့မှာလည်း ၂၀၀၀ ပြည့်နှစ်ကလည်း အမျိုးသားသူနာပြုတစ်ဦးက လူနာတစ်ဦးကို အဆိပ်ခတ် သတ်ခဲ့ပြီး အခြား လေးဦးကိုလည်း အဆိပ်ခတ်ရန် ကြိုးပမ်းခဲ့မှုကြောင့် စွဲချက်တင်ခံခဲ့ရဖူးကြောင်း သိရပါတယ်။
Source & Photo: AFP
Duwun

Loading...