Breaking News


မခံနိုင်အောင်ပြောဆိုရာမှ တစ်ဆင့် ဓားဖြင့်ထိုးမှုဖြစ်ပွား


Loading...



ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့တွင် အလုပ်သမားအချင်းချင်း
မခံနိုင်အောင်ပြောဆိုခြင်းကြောင့်ဟုဆိုကာ စက်တင်ဘာ ၂ ရက်နေ့ညက အပြောခံရသူမှ ကြက်သွန်လှီးဓါးဖြင့်ထိုးလိုက်ခြင်းကြောင်း ဒဏ်ရာရရှိကာ ဆေးကုသမှုခံယူနေရကြောင်း လားရှိုးမြို့မရဲစခန်းမှ သိရသည်။လားရှိုးမြို့ ရပ်ကွက်(၁)နားမခေါ် တွင်ဖွင့်လှစ်ထားသော  ၀င်းချယ်ရီ စက်သုံးဆီ အရောင်းဆိုင်(၁) ဆိုင်မှ ၀န်ထမ်း မောင်မိုးဦးလှိုင် ဆိုသူအား မောင်ထွန်းလင်းဆိုသူမှ အမြဲအနိုင်ကျင့်ကာ သတ္တိမရှိသောကောင်းဟု
ပြောဆိုခြင်း၊ မိုက်လျင် ဆိုင်နောက်လိုက်ခဲ့ဟု ပြောဆိုနေခြင်းများကြောင့် မခံရပ်နိုင်ဖြစ်ကာ အပြောခံရသူမှ ကြက်သွန်လှီး ဓါးကိုယူကာ ထိုးလိုက်ခြင်ဖြစ်ကြောင်း သိရသည်။“ခဏခဏအနိုင်ကျင့်တယ်။ သူကိုယ်ကကြီးတော့ ပြန်မပြောရဲလို့ ကြည့်နေတာ။ သတ္တိမရှိတဲ့ ကောင်းလို့လည်း ပြောတယ်။ မိုက်ရင် ဆိုင်နောက်ကိုလိုက်ခဲ့လို့လည်း လူတွေရှေ့မှာပြောလို့ အခုလို လုပ်လိုက်ရတာပါ။’’ ဟု ဓါးဖြင့်ထိုးသူ မောင်မိုးဦးလှိုင်က ရဲစခန်းမှ စစ်ဆေးရာတွင် ဖြေကြားထားကြောင်း သိရသည်။မောင်ထွန်းလင်းဆိုသူအား ဓါးဖြင့်ထိုးကာ ဒဏ်ရာရပြီဆေးရုံ ရောက်စေသူ မောင်မိုးဦးလှိုင်အား လားရှိုးမြို့မ ရဲစခန်းမှ (ပ)၃၄၇/၂၀၁၆ ၊ ရာဇသတ်ကြီးပုဒ်မ ၃၂၆ ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။

ရတနာပုံသတင်းစာ
Loading...