မိုးကြိုးမှန်ပြီးတည်းက မြေတွင်းထဲဝင်နေရသူလေး

_________________________________________________________


အသက် ၁၈ နှစ်သာ ရှိသေးတဲ့ အန်နာ ဘာလီစတဲရိုးစ်ဟာ တစ်ပတ်ကို ၃ ရက်လောက် မြေတွင်းထဲမှာ ဝင်နေရပါတယ်။ တစ်ကြိမ်ဝင်နေရရင်လည်း အနည်းဆုံး ၄ နာရီလောက် ကြာပါတယ်။ သူမနဲ့ သူမရဲ့အမျိုးတွေကတော့ ဒါကို ကုသနည်းတစ်ခုလို့ယုံကြည်လက်ခံထားကြပါတယ်။

အန်နာဟာ သိပ်မကြာခင်က မိုးကြိုးထိမှန်ခဲ့ရာကနေ ကျောဘက်မှာ နာကျင်မှုကို ခံစားလာရပါတယ်။ သူမရဲ့ မိသားစုဝင်တွေက မြေတွင်းတစ်ခုတူးကို အန်နာကို တွင်းထဲဝင်စေပြီး လည်ပင်းမြုပ်အောင် မြေကြီးတွေနဲ့ဖုံးကာ ၄ နာရီလောက် နေစေပါတယ်။


မြေကြီးကပေးတဲ့ ခွန်အားကြောင့် နာကျင်မှုတွေ သက်သာစေကာ နောက်တစ်ကြိမ် မိုးကြိုးထပ်ပြီး မထိနိုင်တော့ဘူးလို့ ယူဆကာ တစ်ပတ်ကို ၃ ရက်လောက် အန်နာကို မြေမြှုပ်နေကြပါတယ်။
Source : Metro
Duwun
Loading...