Breaking News


မာဂရီသစ်တောကြိုးဝိုင်း၌ အမျိုးသားတစ်ဦးကို တောဆင်ရိုင်း နင်းသတ်


Loading...


တိုက်ကြီးမြို့နယ် ဥက္ကံမြို့အရှေ့ဘက် ပဲခူးရိုးမတောစပ် ရေသိုးကျေးရွာအုပ်စု မာဂရီသစ်တောကြိုးဝိုင်း အကွက်(၆)တွင် စက်တင်ဘာ ၁၁ရက် ည၁၁နာရီခန့်က တောဆင်းရိုင်းနင်းသတ်သည့်အတွက် အမျိုးသားတစ်ဦးသေဆုံးခဲ့ရကြောင်း ရေသိုးကျေးရွာအုပ်စု ဒေသခံများထံမှ သိရသည်။

သေဆုံးသူမှာ အသက် ၅၇ အရွယ် ဦးတင်မြိုင်ဆိုသူဖြစ်ပြီး တောင်ယာလုပ်ကိုင်ပြီးနောက် လင့်စဉ်ပေါ်တွင်ဇနီးဖြစ်သူနှင့်အတူ အနားယူနေစဉ် တောဆင်ရိုင်းတစ်ကောင်က ၎င်းတို့နေထိုင်သည့် လင့်စဉ်ကို ဖျက်ဆီးကာ ဦးတင်မြိုင်ကို နင်းသတ်ခဲ့ကြောင်း၊ မိမိမှာကြောက်လန့်၍ထွက်ပြေးရာမှ လွတ်မြောက်ခဲ့ရကြောင်း သေဆုံးသူ၏ ဇနီးဖြစ်သူ ဒေါ်အုန်းကြည်က ပြောသည်။
The voi
Loading...