Breaking News


ဖွေးဖွေးနဲ့ ပတ်သက်ပြီး ဒါရိုက်တာ ဇင်ရော်မောင်မောင်မှ သတင်းစာရှင်းလင်း


Loading...


Miniso ကြော်ငြာရိုက်ကူးဖို့အတွက် စီစဉ်ထားတဲ့အချိန်ကို မရောက်လာခဲ့တဲ့ ဖွေးဖွေးကို တရားစွဲဆိုထားတဲ့ ကိစ္စရပ်များအားလုံး ဒါရိုက်တာ စင်ရော်မောင်မောင်ဘက်က ပြန်လည်ရုတ်သိမ်းပြီး တရားမစွဲတော့ဘူးလို့ သိရပါတယ်။ အဲ့ဒီကိစ္စရပ်များနဲ့ ပတ်သက်ပြီးတော့ ဖြေရှင်းချက်များကို ဒီနေ့ (စက်တင်ဘာ၂၅)ရက်နေ့မှာ ဒါရိုက်တာ စင်ရော်မောင်မောင်က စာနယ်ဇင်း ရှင်းလင်းပွဲကို ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။



တရားစွဲဆိုထားတဲ့ ကိစ္စရပ်များနဲ့ ပတ်သက်ပြီး ဖွေးဖွေးရဲ့ ဦးလေးကိုယ်တိုင်က စင်ရော်မောင်မောင်ကို လာရောက် တောင်းပန်ခဲ့သလို ပွဲနေ့တွင် ဖွေးဖွေး မလာနိုင်တာကလည်း မိသားစုအကြောင်းလေးတွေ ရှိသွားတာကြောင့် မလာဖြစ်တာလို့ ဖွေးဖွေးရဲ့ ဦးလေးကိုယ်တိုင်က ပြောပြခဲ့ပါတယ်။


ဒါရိုက်တာ စင်ရော်မောင်မောင်ဘက်က ဖွေးဖွေးကို တရားဥပဒေအရသော်လည်းကောင်း၊ အခြားနည်းများနဲ့ သော်လည်းကောင်း အရေးယူဆောင်ရွက်ခြင်းများ မလုပ်တော့သလို နစ်နာခဲ့တဲ့ ငွေတွေကိုလည်း မတောင်း တော့ဘူးလို့ ဆုံးဖြတ်လိုက်ကြောင်း ဒီနေ့ ကျင်းပခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပြခဲ့ပါတယ်။
Source & Photo : Popular News
Loading...