Breaking News

ဘီယာဆိုင္တြင္ လာေရာက္ေသာက္သူအခ်င္းခ်င္း ဓားထိုးမႈျဖစ္ပြား



Loading...
----------------------------


၂၀၁၆ ခုႏွစ္၊ ဩဂုတ္လ ၃၁ ရက္ေန႔  ည ၉ နာရီ ၁၅ မိနစ္အခ်ိန္ မႏၲေလးတိုင္းေဒသႀကီး၊ ခ်မ္းေအးသာစံၿမိဳ႕နယ္၊ (၃၅)လမ္း၊ ၇၀×၇၁ လမ္းၾကားရွိ ပင္းပင္းျမန္မာစီဘီယာႏွင့္ ပင္လယ္ အစားအေသာက္အကင္ဆိုင္၌ မဟာေအာင္ေျမၿမိဳ႕နယ္ေန အလုပ္သင္ေရွ႕ေန ဦးဉာဏ္ဝင္းေအာင္ (၃၀)ႏွစ္ႏွင့္ သူငယ္ခ်င္းျဖစ္သူတို႔ စကားေျပာေနစဥ္ အျခားဝိုင္းမွ ခ်မ္းေအးသာစံၿမိဳ႕နယ္ေန ဝင္းေအာင္ေက်ာ္(၄၄)ႏွစ္ ေရာက္ရွိလာၿပီး ခင္ဗ်ားတို႔က ေရွ႕ေနလား၊ ဥပေဒဘက္ေတာ္သားလား ဟုေျပာကာ ဝင္းေအာင္ေက်ာ္ က အသင့္ပါလာသည့္ အရိုး/အသြား(၁၀)လက္မခန႔္ရွိဓားျဖင့္ ထိုးသျဖင့္ ဦးဉာဏ္ဝင္းေအာင္ တြင္ ဝဲ/ယာပုခုံးထိုးသြင္းဒဏ္ရာ၊ ဝဲလက္ျပတ္ရွဒဏ္ရာ၊ ဝဲ/ယာနံရိုး နာက်င္ဒဏ္ရာ(မစိုးရိမ္ရ)မ်ားရရွိကာ ဉာဏ္ဝင္းေအာင္ ကလည္း ထိုင္ခုံမ်ားႏွင့္ခုခံကာကြယ္ရာ ဝင္းေအာင္ေက်ာ္တြင္ ဝဲခ်ိဳေစာင္းေပါက္ျပဲဒဏ္ရာ(မစိုးရိမ္ရ)ရရွိခဲ့သျဖင့္ ဝင္းေက်ာ္ေအာင္ အား စက္တင္ဘာလ ၁ ရက္ေန႔ ၀၀၅၀ အခ်ိန္တြင္ ဖမ္းဆီးရမိၿပီး အမွတ္(၃)နယ္ေျမရဲစခန္း (ပ)၄၁၂/၂၀၁၆၊ ရာဇသတ္ႀကီးဥပေဒပုဒ္မ ၃၂၆ ျဖင့္ အမႈဖြင့္အေရးယူထားေၾကာင္း သတင္းရရွိသည္။

ဘီယာဆိုင်တွင် လာရောက်သောက်သူအချင်းချင်း ဓားထိုးမှုဖြစ်ပွား
နေပြည်တော်၊ စက်တင်ဘာ ၁
၂၀၁၆ ခုနှစ်၊ ဩဂုတ်လ ၃၁ ရက်နေ့  ည ၉ နာရီ ၁၅ မိနစ်အချိန် မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ (၃၅)လမ်း၊ ၇၀×၇၁ လမ်းကြားရှိ ပင်းပင်းမြန်မာစီဘီယာနှင့် ပင်လယ် အစားအသောက်အကင်ဆိုင်၌ မဟာအောင်မြေမြို့နယ်နေ အလုပ်သင်ရှေ့နေ ဦးဉာဏ်ဝင်းအောင် (၃၀)နှစ်နှင့် သူငယ်ချင်းဖြစ်သူတို့ စကားပြောနေစဉ် အခြားဝိုင်းမှ ချမ်းအေးသာစံမြို့နယ်နေ ဝင်းအောင်ကျော်(၄၄)နှစ် ရောက်ရှိလာပြီး ခင်ဗျားတို့က ရှေ့နေလား၊ ဥပဒေဘက်တော်သားလား ဟုပြောကာ ဝင်းအောင်ကျော် က အသင့်ပါလာသည့် အရိုး/အသွား(၁၀)လက်မခန့်ရှိဓားဖြင့် ထိုးသဖြင့် ဦးဉာဏ်ဝင်းအောင် တွင် ဝဲ/ယာပုခုံးထိုးသွင်းဒဏ်ရာ၊ ဝဲလက်ပြတ်ရှဒဏ်ရာ၊ ဝဲ/ယာနံရိုး နာကျင်ဒဏ်ရာ(မစိုးရိမ်ရ)များရရှိကာ ဉာဏ်ဝင်းအောင် ကလည်း ထိုင်ခုံများနှင့်ခုခံကာကွယ်ရာ ဝင်းအောင်ကျော်တွင် ဝဲချိုစောင်းပေါက်ပြဲဒဏ်ရာ(မစိုးရိမ်ရ)ရရှိခဲ့သဖြင့် ဝင်းကျော်အောင် အား စက်တင်ဘာလ ၁ ရက်နေ့ ၀၀၅၀ အချိန်တွင် ဖမ်းဆီးရမိပြီး အမှတ်(၃)နယ်မြေရဲစခန်း (ပ)၄၁၂/၂၀၁၆၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၂၆ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
ရဲဇာနည္
Loading...