Breaking News


နေပြည်တော် လူသတ်မုဒိမ်းကျင့်မှုမှာ ကျူးလွန်သူ ၃ ဦးကို သေဒဏ်ပေး


Loading...


နေပြည်တော် Junction Centre အနောက်ဘက်မှာ ဖြစ်ပွားခဲ့တဲ့ လူသတ်မုဒိမ်းကျင့်မှုမှာ ကျူးလွန်သူ ၄ ဦးအနက်  ၃ ဦးကို သေဒဏ်ချမှတ်လိုက်တယ်လို့ သိရပါတယ်။
ပြစ်မှုကျူးလွန်သူ လေးဦးအနက် အသက် ၁၈ နှစ်ပြည့်ပြီးသူ သုံးဦးကို ဒက္ခိဏခရိုင်တရားမှ ဒုတိယတရားသူကြီးက မသေမချင်း ကြိုးကွင်းစွပ်သတ်ဖို့ အမိန့်ချမှတ်ခဲ့တာဖြစ်ပြီး   အသက် ၁၅ နှစ်အရွယ် လူငယ်တစ်ဦးကိုတော့ ဇမ္ဗူသီရိမြို့နယ် ကလေးသူငယ်တရားရုံးမှာ ဆက်လက်စစ်ဆေးဆဲဖြစ်ပါတယ်။
အဆိုပါအမှုဟာ ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ် စက်တင်ဘာ ၂၉ ရက်ညက ဖြစ်ပွားခဲ့တာဖြစ်ပြီး အသက် ၁၆ နှစ်အရွယ် ဇနီးမောင်နှံ ၂ ဦးအနက် ခင်ပွန်းဖြစ်သူကိုသတ်ကာ ဇနီးဖြစ်သူကို အဓမ္မပြုကျင့်ခဲ့ကြတာ ဖြစ်ပါတယ်။
 ပြစ်မှုကျုးလွန်သူ ၄ ဦးဟာ ဇမ္ဗူသီရိမြို့နယ်၊ သာယာကုန်းကျေးရွာနေ ကျော်မောင် (ခ) ဇော်ဇော်အောင် (အသက် ၁၉ နှစ်) ၊ ရွှေကြာပင်ရပ်ကွက်နေ အောင်ပိုင် (ခ) အောင်တင်မျိုး (အသက် ၂၁ နှစ်) ၊ ဇော်မျိုးသူ (ခ) ဇော်လေး (အသက် ၂၂ နှစ်ခန့်) နဲ့ မျိုးဇော်ဝင်း (ခ) ကောင်လေး (အသက် ၁၅ နှစ်ခန့်) တို့ဖြစ်ပါတယ်။
Photos & Source: Police & Police Media Group
Loading...