Breaking News


ကိုယ့်ကိုကိုယ် သတ်သေရန် ကြိုးစားခဲ့သူ စိတ်ပြောင်းသွားသော်လည်း တံတားပေါ်မှ ခြေချော်ပြုတ်ကျပြီးသေဆုံး


Loading...



အရက်မူးနေတုန်းအချိန်မှာ ကိုယ့်ကိုကိုယ် သတ်သေဖို့ ကြိုးစားခဲ့တဲ့ အမျိုးသားတစ်ဦးဟာ မမျှော်လင့်တဲ့ ဖြစ်ရပ်ကြောင့် တကယ်ပဲ သေဆုံးသွားခဲ့ရပါတယ်။

ရဲတပ်ဖွဲ့က အမည်မဖော်ပြထားတဲ့ အသက် ၂၂ နှစ်အရွယ် အမျိုးသားဟာ အရက်မူးပြီးနောက် မီတာသုံးဆယ်လောက်မြင့်တဲ့ တံတားတစ်စင်းပေါ်တက်ကာ ခုန်ချပြီး သတ်သေဖို့ ကြိုးစားခဲ့တာပါ။ အဲဒီနောက်သူမခုန်ချခင်မှာ ကယ်ဆယ်ရေးအဖွဲ့တွေ ရောက်လာပြီး ဖျောင်းဖျပြောဆိုကာ ကယ်တင်ဖို့ ကြိုးစားခဲ့ပါတယ်။ စိတ်ပြောင်းသွားတဲ့ အမျိုးသားဟာ သူ့ကိုလာရောက်ကယ်ဆယ်သူရဲ့ နောက်ကို လိုက်လာပြီး တံတားပေါ်က ပြန်ဆင်းဖို့ ကြိုးစားခဲ့တာပါ။


ဒါပေမယ့်လည်း တံတားဘောင်ပေါ်က ပြန်အဆင်းမှာ ချော်ကျပြီးနောက် ပြုတ်ကျသေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။ ဒီဖြစ်ရပ်ကို ရိုက်ကူးထားတဲ့ ဗီဒီယိုဖိုင်ဟာလည်း လူမှုကွန်ယက်မှာ ပျံ့နှံ့လျှက် ရှိပါတယ်။

Source : The Sun
Duwun
Loading...