ကားပေါ်မေ့ကျန်ခဲ့သော ရတနာများ ပြန်ပေးသူအတွက် ဆူဇီကီးဆွစ်ဖ်တစ်စီးမှာယူထား



_________________________________________________________
အငှားယာဉ်ပေါ်တွင် မေ့ကျန်ခဲ့သော  ကျပ်သိန်းတစ် ထောင်ခန့်တန်ဖိုးရှိ ရတနာများကို ပြန်လည်ပေးအပ်ခဲ့သည့် အငှား ယာဉ်မောင်း ကိုသန်းထိုက်ကျော် အား    ရတနာပစ္စည်းပိုင်ရှင်က Suzuki Swift ကားတစ်စီးကို လက်ဆောင်ပေးရန် မှာယူထားပြီးဖြစ်ကြောင်း သတင်းရရှိသည်။
ကျပ်သိန်းတစ်ထောင်ခန့် တန်ဖိုးရှိသည့် စိန်နှင့်မြကျောက်များကို အငှားယာဉ်ပေါ်တွင် မေ့ကျန်သူသည် ကလေးမြို့တွင် နေထိုင်သူ ဒေါ်ချိုချိုဌေးဖြစ်ပြီး သန်လျင်ရေနံချက်စက်ရုံ  အရာရှိအိမ်ရာဝင်း၌  နေထိုင်နေသည့် သမီးနှင့်သမက်ဖြစ်သူတို့ထံ ခေတ္တတည်းခိုနေထိုင်သူဖြစ်သည်။ ဒေါ်ချိုချိုဌေးသည် စက်တင်ဘာ ၂၄ ရက်ညနေ ၆ နာရီခွဲက သူငယ်ချင်းဖြစ်သူ ဒေါ်လှလှမြင့်နှင့်အတူ ရွှေတိဂုံစေတီအနောက်ဘက်မုခ်မှ ဒေါ်လှလှမြင့်၏ နေအိမ်သို့ အငှားကားဖြင့်သွားရာမှ ကားပေါ်တွင် ပစ္စည်းများ မေ့ကျန်ခဲ့ခြင်းဖြစ်သည်။
ပစ္စည်းများ ပြန်လာပေး သည့် အငှားယာဉ်မောင်းသည် သာကေတမြို့နယ် (၇)အရှေ့ရပ် ကွက်၊ ဇီဇဝါလမ်းတွင် နေထိုင်သူ ကိုသန်းထိုက်ကျော်ဖြစ်သည်။ အဆိုပါပစ္စည်းများကို နောက်တစ်ရက် စက်တင်ဘာ ၂၅ ရက် နံနက် ခင်းတွင် ကားရေဆေးရာမှ တွေ့ ရှိပြီး ပိုင်ရှင်များထံ သွားရောက် ပေးအပ်ခဲ့ကြောင်း ကိုသန်းထိုက် ကျော်က ပြောသည်။
‘‘ကားသမားက အရမ်းရိုး သားတဲ့သူပါ။ သူပစ္စည်းတွေ ပြန် လာပေးတော့ ကျွန်မတို့က ကျေး ဇူးပြန်ဆပ်တာကိုတောင် အတင်းငြင်း ပါတယ်။ ဒီနေ့တော့ ကျွန်မတို့ မိသားစုလိုက် သူ့အိမ်ကိုသွားပြီး ကျေးဇူးတင်ကြောင်း၊ ကားတစ်စီး ဝယ်ပေးချင်ကြောင်းပြောတော့ သူက လက်မခံပါဘူး။ ကျွန်မတို့ က အတင်းဝယ်ပေးမယ်ပြောမှ လက်ခံတာ’’ဟု ဒေါ်ချိုချိုဌေး၏ သမီး မချစ်သွေးနီက ပြောသည်။
ကိုသန်းထိုက်ကျော်၏ ရိုး သားမှုအတွက် ကားတစ်စီးပြန် ဝယ်ပေးမည်ဖြစ်ကြောင်း မချစ် သွေးနီက စက်တင်ဘာ ၂၅ ရက် ကတည်းက ပြောကြားထားပြီး ကိုသန်းထိုက်ကျော်နှင့်တွေ့ဆုံပြီး မှ ၎င်းလိုချင်သည့်ကားကို ဝယ် ပေးမည်ဟု ဆိုသည်။ စက်တင် ဘာ ၂၆ ရက် နံနက်တွင် ပစ္စည်း ပိုင်ရှင်မိသားစုလိုက် ကိုသန်း ထိုက်ကျော်၏ နေအိမ်သို့ သွား ရောက်ခဲ့ပြီး Suzuki Swift 2012model အမျိုးအစားကားကို ဝယ် ပေးရန်စီစဉ်ခြင်းဖြစ်သည်။
‘‘ကားတင်သွင်းတဲ့ကုမ္ပဏီ ကလည်း အဒေါ်အရင်းပဲဆိုတော့ သူ့ဆီမှာပဲ အားပေးဖြစ်တာ။ ကိုယ်တိုင်ကလည်း ဒီကားလေး ကို ဟိုတစ်နေ့က လေလံအောင် တယ်လို့ပြောလို့ ကြိုက်နေတာ လေ။ ပြောရရင် ဒီအစ်ကိုနဲ့က လည်း ဒီကားနဲ့ပတ်သက်ပြီး ကား ပေါ်မှာ ပစ္စည်းကျန်ခဲ့ပြီး တွေ့ တယ်ဆိုတော့လေ။ သူ့ကို ကားပဲ ပေးလိုက်တော့မယ်ပေါ့လေ။ ကိုယ်ကလည်း မျက်စိကျတဲ့ကား ဖြစ်တယ်။ ကိုယ့်အဒေါ်အရင်း လည်းဖြစ်တယ်။ သူ့နာမည် ပေါက်လည်း လုပ်ပေးလို့ရမယ်။ အဲဒီလို တိုက်ဆိုင်နေတော့ ဒီကား လေးပဲ ဝယ်ပေးဖြစ်တာ။ သူက လည်း လုံးဝငြင်းနေတာဆိုတော့ ကိုယ်ကပဲ ဒီကားလေး ရွေးချယ် ဖြစ်သွားတာ’’ဟု မချစ်သွေးနီက ပြောသည်။ ဆိပ်ကမ်းရောက် ကျပ်သိန်း၁၂၀ တန်ဖိုးရှိသည့် အဆိုပါကားသည် အောက်တိုဘာ ၁၅ ရက်အတွင်း ရောက်ရှိမည်ဖြစ်ပြီး ကိုသန်းထိုက်ကျော်လက်သို့အပ်ကာ အ မည်ပြောင်းခြင်းနှင့် ယာဉ်မှတ်ပုံတင်ခြင်းများပါ ပြုလုပ်ပေးမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။
7daydaily
Loading...