Breaking News

ငွေကြေးကိစ္စ စကားများရာမှ သနပ်ခါးတုံးဖြင့်ထုမိရာ လက်လွန်သွားသဖြင့် အပိုင်းပိုင်းခုတ်ဖြတ်ပြီး မီးရှို့ကာ အိမ်သာတွင်းထဲသို့ အလောင်းဖျောက်ဖျက်ခဲ့သူများ


Loading...


လွိုင်ကော်မြို့နယ်တွင်  သူငယ်ချင်းဖြစ်သူနှင့် ငွေကြေးကိစ္စ စကားများရာမှ သနပ်ခါးတုံးဖြင့်ထုမိရာ လက်လွန်သွားသဖြင့် အပိုင်းပိုင်းခုတ်ဖြတ်ပြီး မီးရှို့ကာ အိမ်သာတွင်းထဲသို့ အလောင်းဖျောက်ဖျက်ခဲ့သူများအား ဖော်ထုတ်ဖမ်းဆီးရမိ



ဖြစ်စဉ် စဆုံးတင်ပေးထားပါတယ်
စာပြန်စီဖို့ အချိန်မရှိတော့လို့ပါ
__________________________
ထေးငှားလျားက အသက် ၄၂ နှစ်ရှိ သားသမီး ၃ ဦးမိခင်
ဒေါ်ပိုးမာ ဩဂုတ် ၂၈ ကတည်းကပျောက်နေပါတယ်
ငွေစာရင်းစာအုပ်နဲ့ ထိုင်းဘီးဆိုင်ကယ် Dreamစီး ထွက်သွားတာပါ
၂၃ ရက်နေ့မှာ ရွာထဲကြွေးတောင်းထွက်စဉ် နွားတံပိုးနဲ့အပစ်ခံရပါသေးတယ်
ကူရှာပေးကြပါနော်
ရဲစခန်းတိုင်ထားပါတယ်
အခုထိ ဘာမှမသိရသေးပါ
•••••••••••••••••••••••••••••••••••••¤•¤¤•••




ထေးငှားလျားက အသက် ၄၂ နှစ်ရှိ သားသမီး ၃ ဦးမိခင်
ဒေါ်ပိုးမာ ဩဂုတ် ၂၈ ကတည်းကပျောက်နေပါတယ် ဒီကနေ့ ၁ ရက်နေ့ ၎င်းစီးနင်းသွားသော ဆိုင်ကယ်နှင့်အတူ ၎င်းဆိုင်ကယ်နှင့် မလှမ်းမကမ်း လမ်းပေါ်တွင် ဓါးအရိုးတစ်ခုကိုပါ  မှုံပြာကျေးရွာအနောက်ဘက် လယ်ကွင်းအစပ်တွင် တွေ့ရှိရပြီး လူကိုတော့ လယ်ကွင်းထဲ ဆက်လက်ရှာဖွေနေပါတယ်။

#update-လူသတ်တရာခံကို မိသွားပြီ ဖြစ်ပြီး ထေးငှားလျား မှ သူငယ်ချင်းဖြစ်သူ ကသာ သတ်ခဲ့ခြင်းဖြစ်ပြီး အိမ်နောက်ဖေးတွင် မြုတ်ထားခြင်း ဖြစ်သည်။အပြည့်စုံကို ထပ်မံတင်ပြပေးသွားမည်။

#JulyPhyo

ထေးငှားလျား လူသတ်မှု့အကြောင်းဆက်ပြောပြမယ်…

သူငယ်ချင်းအရင်းကြီး ကို ရက်ရက်စက်စက် သတ်လိုက်ရတာကို ကျေနပ်နေတဲ့ မျက်နှာနဲ့ အာဂမိန်းမပါလား…သူဘာပြောသွားတယ်ထင်လဲ (ငါ့ပုံရိုက်ပြီး fb ပေါ်တင်ကြည့် ကွကို သတ်သေပြိုက်မယ် ငါထောင်ကထွက်ရင်လည်း အဲ့လူကို လာသတ်မယ်တဲ့) အံ့သြပါ့

Ok အာ့ဆို ထေးငှားလျား လူသတ်မှု့ကိစ္စ အကျဉ်းချုံးပြောပြမယ်။
မပိုးမြာက စာရင်စာအုပ်နဲ့ ဆိုင်ကယ်စီးပြီး အိမ်ကထွက်သွားတယ် ပျောက်သွားတယ် လေးရက် ဒါကပျောက်သွားတာ။
စက်တင်ဘာ ၁ ရက်နေ့မှာ ဆိုင်ကယ်တွေ့ပြီဆိုပြီး အကြောင်းကြားတယ် ဆိုင်ကယ်က ပျောက်သွားတဲ့နေ့ သြဂုတ်လ ၂၈ ရက်နေ့ကတည်းက မှုံပြာရွာ လယ်တောစပ်မှာ ဆိုင်ကယ်ကို လာထားထားတယ် အဲ့နားကအိမ်က ဘူ့ဆိုင်ကယ်လဲ မသိဘူးဆိုပြီး ခြံထဲ ထည့်ထားပေးတယ် လမ်းမမှာမို့ အဲ့ရွာကလူက အကြောင်းကြားတယ် ဒေါဥခူက လူတယောက်ကို အဲ့ကတဆင့် ထေးငှားလျားရွာကို ဖုန်းဆက်တယ် ဒီဆိုင်ကယ် ပျောက်တဲ့သူရဲ့ ဟာဟုတ်လားပေါ့ ဟုတ်တယ်ဆိုပြီး လယ်ထဲ မှာကော ပွန်ချောင်းမှာ ဝိုင်းရှာကြတယ် ထေးငှားလျား ရွာက ရွာလုံးကျွတ် လူတွေ ရှာနေတာ သုံးရက်ရှိပြီလေ ဆိုင်ကယ်တွေ့တော့ ရဲပါရောက်လာတယ်။ မှုံပြာမှာရှုပ်ယှက်ခက်နေတာပေါ့ အဲ့မှာရဲက မသင်္ကာတဲ့ ဌေးရယ်ဆိုတဲ့ ကောင်လေးကို ဖမ်းမေးလိုက်တယ် အဲ့ကောင်လေးက တုန်နေတယ် ကောင်လေးက ထွက်ဆိုတယ် ဒီဆိုင်ကယ်ကို သူ့အဒေါ်တွန်းလိုင်း လို့ သွားတွန်းပေးတယ် လူသတ်လိုက်တာကို သူမသိဘူးပြောတော့ ရဲကသူ့အဒေါ်အိမ်ကို ဝင်တယ်။ သူ့အဒေါ်က ဒေါ်ဗျားမြာ ပျောက်နေတဲ့ ဒေါ်ပိုးမြာနဲ့က သူငယ်ချင်းအရင်းကြီး အမြဲတွဲကြတယ် ဈေးဝယ်ရင်လည်း တူတူသွားနေကျ အဲ့လိုလူ ရဲတွေဝင် ပြီးစစ်မေးတော့ အမှု့ကပေါ်သွားတယ်။

 ဆိုတော့ ဒေါ်ဗျားမြာရဲ့ ထွက်ဆိုချက်အရ ဒေါ်ပိုးမြာက သူအိမ်ကိုမနက်ပိုင်းရောက်လာတယ် ငွေးကြေးကိစ္စအချင်းမျာရာကနေ အိမ်ပေါ်မှာရှိတဲ့ သနပ်ခါးတုံး အရှည်နဲ့ ကောက်ထုလိုက်တယ် ချက်ကောင်းမိသွားတော့ ဒေါ်ပိုးမြာဘာမှမလုပ်နိုင်တော့ဘူး နောက်ထပ်ထပ်ထုတယ် ပြီးတော့ အိမ်ပေါ်မှာပဲ အလောင်းကို ထားပြီး သူ့တူလေးကို လှမ်းခေါ်တယ် အဲ့ဆိုင်ကယ်နဲ့ သူ့ယောက်ျားကို လယ်ထဲ သွားခေါ်ခိုင်းတယ် အဲ့လို ခေါ်ခိုင်းပြီးတဲ့ချိန်မှာ အလောင်းကို ဓါးနဲ့ ခုတ်ထစ် ပိုင်းဖျက်ပြီး မီးဖိုမှာ မီးရှို့လိုက်တယ် ပြီးတော့ သူ့အိမ်နောက်က အိမ်သာကျင်ထဲ သွားပစ်ထည့်လိုက်တယ် ဒေါ်ပိုးမြာရဲ့ အသုံးဆောင် ဖုန်းတွေကအစ ပစ်ထည့်ပြီး မြေဖို့လိုက်တယ် သူ့ယောကျာ်းပြန်လာတော့ သူကပြောပြလိုက်တယ်။ အဲ့မှာရဲတွေက စစ်ဆေးပြီးတော့ အလောင်ဖော်တော့မတွေ့ဘူး အာ့နဲ့သူတစ်အိမ်လုံး မြေတွေလိုက်တူးကြည့်ကြနဲ့ ရဲတွေခမြာ အလုပ်ရှုပ်ကုန်တယ် သူက အမျိုးမျိုးပြောနေတယ် တစ်စီ လွှင့်ပစ်ထားတဟ်ပြောပြန်ရော မီးရှို့တယ်လွှင့်ပစ်တယ် ဘာညာနဲ့ အမှန်ကို မပြောဘဲ အလောင်ပစ်ထားတာကို သေချာမပြောဘူး မိုးချုပ်လာတယ် နည်းနည်းကြမ်းပြီးမေးမှ ဝိုင်ကြည့်နေတဲ့ရွာသားတွေကို ပြန်ခိုင်းဒါမှ သူပြောမယ် ပြောတော့ အကုန်မောင်းထုတ်လိုက်တယ် ရဲတွေ သတင်းထောက်တွေ ပဲကျန်တယ် သူက အိမ်သာကျင်းပဲ ပြောတယ် အာ့နဲ့ ရဲတွေလည်းမရွံ့မရှာ ပေါက်ပြား ထွန်ခြစ် တွေနဲ့မွှေလိုက်မှ ဒေါ်ပိုးမြာရဲ့ အရိုး ခန္ဒာကိုယ်အပိုင်းစတွေ တွေ့လာတယ်ပြီးတော့ တပ်ပလပ်ဖုန်း စာရင်းစာအုပ်ဘောပင် ထုတ်ထားတဲ့ အထုပ်ပြာလေး တွေ့တယ် မိုးကာတွေ့တယ် အသားစတွေ မီးလောင်ထားတဲ့ အသားတွေ အိမ်သာကျင်းထဲမှာက ညစ်ညမ်းတဲ့အရည်တွေကရှိနေတာရယ် သတ်ထားတာ လေရက်တောင်ရှိနေတာရယ်ကြောင့် အသားစတွေတောင် ရိနေပြီ ဆက်ပြီး ရှာနေကြတယ် ရဲတွဆက်ပြီး ရှာမယ် အိမ်သာကျင်း ထဲကဟာတွေ အကုန်အပြင်ထုတ်ရမယ် မလွယ်ဘူး ဒီနေရာမှာ ရဲတွေကို သနားတယ် လေးစားတယ် သူတို့ကိုယ်တိုင်မရွံ့မရှာနဲ့မရမက ရှာနေတာ  လုပ်နေတာ သနပ်ခါးတုံးလည်းတွေ့တယ် တရာခံကလည်းပြောတယ် ဟုတ်တယ်အဲ့သနပ်ခါးတုံးနဲ့ ထုတာတဲ့ အရှည်က ၈ လက်မလောက်ရှိတယ် မိုးကတအားချုပ်လာတော့ ကျနော် မနေရဲတော့ဘူး ပြန်လာလိုက်တယ်။ အမှု့ဖြစ်စဉ်ကို ဒီလောက်သိရရင် အဆင်ပြေမယ်ထင်ပါတယ်ခင်ဗျ…

July Phyo>>>••Lwin Oo
Loading...