Breaking News


သန်လျင်တံတား ပေါ်မှာတွေ့တဲ့ အငှားကားရဲ့ယာဉ်မောင်း နှစ်ရက်ကြာပျောက်ဆုံးနေ

Loading...



သန်လျင်မြို့ဘက်ကနေ ဒဂုံမြို့သစ်(ဆိပ်ကမ်း)ဘက်ကို သွားတဲ့ သန်လျင်တံတားအမှတ် (၂) ပေါ်မှာ ရပ်ထားတဲ့ ပရိုဘောက်အငှားယာဉ် တစ်စီးကို တွေ့ရှိခဲ့ပြီး ယာဉ်မောင်းပျောက်ဆုံးနေတဲ့အတွက် ရှာဖွေနေတယ်လို့  သန်လျင်မြို့မရဲစခန်းကနေ သိရပါတယ်။
ဒီအငှားယာဉ်ကို စက်တင်ဘာလ ၁၀ ရက် ည ၉နာရီမှာ သန်လျင်မြို့မရဲစခန်းက တံတားလုံခြုံရေး တာဝန်ဆောင်ရွက်နေတဲ့ တပ်ဖွဲ့ဝင်တွေက စတင်တွေ့ရှိခဲ့တာလို့ သန်လျင်မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦး ကပြောပါတယ်။
"ကားကတံတားပေါ်မှာ ရပ်ထားတာကို လုံခြုံရေးလုပ်နေတဲ့ ရဲတွေက အရင်တွေ့တယ်။ ကားပေါ်မှာတော့ တံခါးသော့ခတ်ထားပြီး ဖုန်းနံပါတ်တစ်ခု ရေးထားတယ်။ ဆက်သွယ်ကြည့်လိုက်တော့ မိသားစုနဲ့အဆက်အသွယ်ရပါတယ်။ လူကတော့ရှာမတွေ့သေးပါဘူး"လို့ အဆိုပါ ရဲအရာရှိက ပြောပါတယ်။
ရပ်ထားတဲ့ အငှားယာဉ်ပေါ်မှာ ဆက်သွယ်ဖို့ ဖုန်းနံပါတ်ကို ရေးသားထားလို့ ရဲတပ်ဖွဲ့ကဆက်သွယ်ခဲ့ရာမှာ ယာဉ်မောင်းက သင်္ဃန်းကျွန်း မြို့နယ်မှာ နေထိုင်သူ အသက် ၃၂ နှစ်အရွယ် ကိုကျော်ဌေးလှိုင်ဖြစ်ပြီး စက်တင်ဘာ ၉ ရက် မနက်ပိုင်းမှာ ကားမောင်းဖို့ ထွက်သွားရာကနေ နေအိမ်ကို ပြန်မရောက်ခဲ့တာလို့ သိရပါတယ်။
Source & Photos : 7DayDaily
Loading...