Breaking News


ယာဉ်မောင်းတွေ အရက်သောက်ထားရင် ရဲစခန်းမှာ တစ်ညအိပ်ရမယ်


Loading...

အရက်သောက်စားမူးယစ်ပြီး ယာဉ်မောင်းနှင်လို့ မတော်တဆမှုတွေဖြစ်ပွားနေလို့ အရက်မူးတိုင်းကိရိယာနဲ့ တိုင်းတာစစ်ဆေးပြီး အရက်သောက်စားထားတဲ့သူတွေကို ရဲစခန်းမှာ ခေါ်ယူထိန်းသိမ်းသွားမယ်လို့ သိရပါတယ်။
ယာဉ်တိုက်မှုတွေနဲ့ ယာဉ်တိမ်းမှောက်တွေလျော့ကျစေဖို့ တစ်နိုင်ငံလုံးက ယာဉ်ထိန်းရဲ တပ်ဖွဲ့ဝင်တွေ၊ နယ်မြေခံ ရဲတပ်ဖွဲ့ဝင်တွေနဲ့ ပူးပေါင်းပြီး ယာဉ်မောင်းတွေကို အရက်မူးတိုင်းကိရိယာနဲ့ စစ်ဆေးသွားမယ်လို့ ဆိုပါတယ်။
မော်တော်ယာဉ်မောင်းနှင်ဖို့ အန္တရာယ်ရှိတဲ့ အခြေအနေအထိ သောက်စားမူးယစ်နေသူတွေကိုတော့ မော်တော်ယာဉ် ဥပဒေအရ အရေးယူပြီး ရဲစခန်းတွေမှာ ထိန်းသိမ်း မယ်လို့ အမှတ်(၃) ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယရဲမှူးကြီးကံသိန်းက ပြောပါတယ်။
‘‘တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ စလုပ်နေတာ တစ်ပတ်လောက်တော့ရှိနေပြီ။ Alcohol Taster နဲ့ တိုင်းပြီး စစ်ဆေးတာက ပြည်သူလူထုက သိပ်မသိ သေးတဲ့အတွက် ပညာပေးနေတယ်။ နောက်ပိုင်းမှာတော့ အရေးယူမှုတွေလုပ်မယ်။ ဒါပေမဲ့ အရမ်းကြီးမူးယစ်နေပြီး ယာဉ်မောင်းဖို့အန္တရာယ်များတဲ့အခြေ အနေမျိုးဆိုရင် အရေးယူပြီး ရဲစခန်းမှာ ထိန်းသိမ်းမှာဖြစ်တယ်’’လို့ ဒုတိယရဲမှူးကြီး ကံသိန်းက ပြောပါတယ်။
Source : 7DayDaily
Photos : Yangon Traffic Police
Loading...